ဒစ်ဂျစ်တယ်စစ်မြေပြင်များ

Myanmar Witness

< 1 min read

CIR

CIR 's photo

မြန်မာအမျိုးသမီးများအား အွန်လိုင်းပေါ် တွင် နိုင်ငံရေးအရ လှုံဆော်မှုပြုကာ အလွဲသုံးစား လုပ်ခြင်း

ဒစ်ဂျစ်တယ်စစ်မြေပြင်များ – မြန်မာအမျိုးသမီးများအား အွန်လိုင်းပေါ်တွင် နိုင်ငံရေးအရလှုံဆော်မှုပြုကာ အလွဲသုံးစားလုပ်ခြင်း

၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ။ Myanmar Witness နှင့် Sisters 2 Sisters အဖွဲ့အစည်းမှ ပူးပေါင်းဆောင်ရွက်ထားသော အစီရင်ခံစာအကျဉ်းချုပ်။

1.  အဓိကအချက်အလက်အကျဉ်းချုပ်

1.1 နိဒါန်း

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်မှုများ တိုးမြင့်လာသည်နှင့်အတူ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ တာဝန်ယူမှုအပိုင်း လိုအပ်ချက်များ နှင့် အမျိုးသမီးအခွင့်အရေးအဖွဲ့များမှ မီးမောင်းထိုးပြထားသည့် အလွဲသုံးစားပြုမှုများကို အခြေပြု၍ Myanmar Witness အနေဖြင့် သုတေသနနည်းစနစ်များ ပေါင်းစပ်၍ လေ့လာမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။ ထိုလေ့လာမှုတွင် နိုင်ငံရေးအရလှုံဆော်တိုက်ခိုက်သော၊ မြန်မာနိုင်ငံအတွင်း နှင့် မြန်မာနိုင်ငံမှအမျိုးသမီးများအား အွန်လိုင်းပေါ်တွင် အကြမ်းဖက်မှုအကြောင်း နှင့် ၎င်းတို့၏ ဘဝအပေါ် သက်ရောက်မှုများအကြောင်းကို လေ့လာထားသည်။ ဤသုတေသနကို မြန်မာနိုင်ငံအတွင်း နှင့် မြန်မာနိုင်ငံမှ အမျိုးသမီးများကို ကူညီပံ့ပိုးပေးနေသည့် Sisters 2 Sisters အဖွဲ့အစည်းနှင့်ပူးပေါင်း၍ သုတေသန ပြုလုပ်ခဲ့သည်။

ဤသုတေသနတွင် – (၁) အကြမ်းဖက်အလွဲသုံးစားပြုမှု အတိုင်းအတာနှင့် သဘောသဘာဝ (၂) အကြမ်းဖက်အလွဲသုံးစားပြုမှုကို ကျူးလွန်သူများ (၃) အွန်လိုင်းနှင့်လက်တွေ့ဘဝရှိ အမျိုးသမီးများ၏ ဘဝအပေါ် အကြမ်းဖက်အလွဲသုံးစားပြုမှု၏ အကျိုးသက်ရောက်မှုနှင့် (၄) ဆိုရှယ်မီဒီယာပလက်ဖောင်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို သုံးသပ်ထားသည်။ တွေ့ရှိချက်များကို အောက်ပါအချက်များအပေါ် အခြေခံထားသည်။

●      နိုင်ငံရေးအရတက်ကြွပြီး မြန်မာဘာသာစကားအသုံးပြုသော Telegram ချန်နယ် ၁ဝဝ မှ Telegram ပိုစ့်ပေါင်း ၁.၆ သန်း ကိုလေ့လာမှု

●      Facebook နှင့် Telegram တို့မှ ပို့စ်ပေါင်း ၂၂ဝ ကို အရည်အသွေးအရ အသေးစိတ်သုံးသပ်မှု

●      အွန်လိုင်းနှင့်လက်တွေ့ဘဝရှိ အလွဲသုံးစားပြုမှုများ၏ဆက်နွယ်မှုကို စုံစမ်းစစ်ဆေးထားသော ခွဲခြမ်း စိတ်ဖြာမှု

●      အွန်လိုင်းနှင့် အော့ဖ်လိုင်း အလွဲသုံးစားလုပ်မှုများကြား ဆက်စပ်မှုကို စုံစမ်းစစ်ဆေးခြင်းနှင့် အထင်ကရ မြန်မာအမျိုးသမီး နိုင်ငံရေးသမားများကို ပစ်မှတ်ထား အလွဲသုံးစားလုပ်ခြင်းတို့ကို နက်နက်ရှိုင်းရှိုင်း လေ့လာဆန်းစစ်ထားသောဖြစ်ရပ်လေ့လာမှု ၅ ခု။

●      နိုင်ငံရေးအရလှုံဆော်မှုရှိသည့် အွန်လိုင်းပေါ်ရှိ အလွဲသုံးစားပြုမှုဒဏ်ကိုခံခဲ့ရသော ပုဂ္ဂိုလ်များနှင့် မေးမြန်းထားသော အတွင်းကျကျအင်တာဗျူးများ။

ခွဲခြမ်းစိတ်ဖြာမှုအချိန်ကာလမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကြားတွင် ဖြစ်သည်။

သတိပေးချက်- ဤအစီရင်ခံစာတွင် ဂရပ်ဖစ်ရုပ်ပုံများအသုံးပြုမှုနှင့် ထိခိုက်နိုင်စေမှုကိုလျှော့ချရန် အစွမ်း ကုန် ကြိုးပမ်းခဲ့သော်လည်း  လူမျိုးရေးခွဲခြားမှု၊ အလွဲသုံးစားလုပ်မှုနှင့် လိင်တူချစ်ကြိုက်မှုကို စော်ကားမှုများ နှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်နေပါသည်။

 

1.2 အဓိကရှာဖွေတွေ့ရှိချက်အကျဉ်းချုပ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံမှအမျိုးသမီးများသည် မိမိတို့၏ နိုင်ငံရေးအမြင်များကိုဖော်ပြရန် ဆိုရှယ်မီဒီယာများတွင် အားကောင်းစွာ အသုံးပြုလာခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် အွန်လိုင်းပေါ်တွင်  အလွဲသုံးစားလုပ်မှုနှင့် နှောင့်ယှက်မှုများသည် ပိုမိုတိုးမြင့်လာခဲ့သည်။

●      နိုင်ငံရေးအရလှုံ့ဆော်သော မြန်မာအမျိုးသမီးများကို အွန်လိုင်းတွင် အနိုင်ကျင့်မှုများတွေ့ရသော Telegram ပေါ်ရှိ ပို့စ်ပေါင်း ၁.၆ သန်းကို အရေအတွက်အရ အကဲဖြတ်စစ်ဆေးရာတွင် ၂ဝ၂၂ ခုနှစ် အဆုံးပိုင်းရှိ အကြမ်းဖက်အလွဲသုံးစားပြုမှုများမှာ အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်များနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးငါးဆ ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

●      အရည်အသွေးပိုင်းအရ ဖြစ်ရပ်လေ့လာခြင်း စုံစမ်းစစ်ဆေးမှုများနှင့် လွတ်မြောက်လာသူများ၏ သက်သေခံချက်တို့သည် အွန်လိုင်းအလွဲသုံးစားမှု၏ ပမာဏနှင့် ပြင်းထန်မှုတို့ကိုဖော်ပြသည်။ သို့သော် ပလပ်ဖောင်းဒေတာကို အပြည့်အဝဝင်ရောက်ခွင့်မရှိသောကြောင့် ၎င်းသည် စစ်မှန်သောအတိုင်းအတာ (သို့မဟုတ်) အလွဲသုံးစားမှုဖြစ်ရပ်များကို တိကျစွာအကဲဖြတ်ရန် မဖြစ်နိုင်ပေ။ Meta ၏ ဒေတာဝင် ရောက်ခွင့်မူဝါဒသည် ပမာဏများပြားသော အရေအတွက်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို တားဆီးထား သည့် မြန်မာနိုင်ငံတွင် အသုံးအများဆုံး လူမှုမီဒီယာပလက်ဖောင်းဖြစ်သည့် Facebook နှင့် အထူးသက် ဆိုင်ပါသည်။

●      အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အွန်လိုင်းပေါ်တွင် ပစ်မှတ်ထားသော အခြားသော အလွဲသုံးစားပြုမှုနှင့် ကိုယ်ရေးအချက်အလက် ချိုးဖောက်မှုများကြားတွင် နိုင်ငံရေးအရ လှုံဆော်မှုများ ပါရှိသော အလွဲသုံးစားပြုမှုများလည်း ပါဝင်လျက်ရှိသည်။ Myanmar Witness ၏ အရေအတွက်အရ လေ့လာဆန်းစစ်မှုတွင် အမုန်းပွားစေသော စကားလုံးများဖြင့် အမျိုးသမီးများအား ပစ်မှတ်ထားသော အလွဲသုံးစားပြုမှု ပို့စ်ပေါင်း ၈,၃၃၈ ခုနှင့် (doxxing) ပိုစ့်ပေါင်း ၁၅,၀၀၀ အထိ ဆန်းစစ်ခဲ့ပြီး ထိုပို့စ်အများစုမှာ ပစ်မှတ်ထားခံရသော အမျိုးသမီးများ၏ နိုင်ငံရေးယုံကြည်ချက်နှင့် လှုပ်ရှားမှုများကြောင့်ဖြစ်နိုင်သည်ဟု ယူဆနိုင်သည်။

ထိုကဲ့သို့ အလွဲသုံးစားပြုမှုပို့စ်များ၏ အများစုကို မြန်မာနိုင်ငံရှိစစ်တပ်မှ အာဏာသိမ်းမှုကို ထောက်ခံသော အမျိုးသား အကောင့်များမှရေးသားခဲ့ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်သော အမျိုးသမီးများကို ပစ်မှတ်ထားခဲ့သည်။

●      အရည်အသွေးပိုင်း ခွဲခြမ်းစိတ်ဖြာမှုတွင် အလွဲသုံးစားပြုမှုပို့စ်များ၏ ၉၀ ရာခိုင်နှုန်းအောက်မှာ စစ်ကောင်စီကို ထောက်ခံသော အကောင့်များမှ ရေးသားခဲ့ခြင်း (သို့) ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အရည်အတွက်ပိုင်းအရ လေ့လာထားသော ခွဲခြမ်းစိတ်ဖြာမှုတွင်ပါရှိသော အလွဲသုံးစားပြုမှုပို့စ်များ၏ ၈၀ ရာခိုင်နှုန်းအောက်မှာလည်း စစ်ကောင်စီကို ထောက်ခံသော အကောင့်များမှ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

●      အရည်အသွေးပိုင်းအရ စုံစမ်းစစ်ဆေးမှုများတွင် တွေ့ရှိရသော ပို့စ်များ၏ ၈၃ ရာခိုင်နှုန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) (သို့) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ခံသော အမျိုးသမီးများကို ပစ်မှတ်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

●      အရည်အသွေးပိုင်းအရ လေ့လာမှုတွင်ပါရှိသော အလွဲသုံးစားပြုမှုပို့စ်များ၏ ၇ဝ ရာခိုင်နှုန်းမှာ အမျိုးသားများ ဦးဆောင်သောအကောင့်များမှ ရေးသားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

 

ဘေးဥပါဒ်ဖြစ်စေလိုသာ ရည်ရွယ်ချက်ဖြင့် တစ်ပါးသူ၏ ကိုယ်ရေးအချက်အလက်များအား ဖော်ထုတ် ရေးသားထားသော ပို့စ်များ (doxxing) သည် အကြမ်းဖက်အလွဲသုံးစားပြုမှု၏ အဓိကပုံစံဖြစ်ပြီး ထိုမှတစ်ဆင့် စစ်ကောင်စီကို ဆန့်ကျင်သော အမျိုးသမီးများကို လက်တွေ့ဘဝတွင် ပစ်မှတ်ထား၍ အကြမ်းဖက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုကဲ့သို့ အကြမ်းဖက်မှုများနှင့် ဖမ်းဆီးမှုများကို ဆောင်ရွက်ရန် အွန်လိုင်းပေါ်ရှိ အကြမ်းဖက်အလွဲသုံးစားပြုသူများနှင့် မြန်မာစစ်အစိုးရ၏ လုံခြုံရေးအဖွဲ့များကြားတွင် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း အချို့သော သက်သေအထောက်အထားများက ညွှန်ပြလျက်ရှိသည်။

●      အရည်အသွေးပိုင်းဆိုင်ရာ လေ့လာမှုတွင် တွေ့ရှိရသော အကြမ်းဖက်မှု ပိုစ့်များ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများကို ဘေးဥပါဒ်ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ရေးသားခဲ့ကြောင်း (doxxing) တွေ့ရှိခဲ့ရသည်။ ထိုကဲ့သို့ doxing ပို့စ်များကို အရေအတွက်အရ စုဆောင်းထားသော ဒေတာအချက်အလက်များတွင်လည်း တွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်လေ့လာမှု ဆန်းစစ်ချက်များတွင် နိုင်ငံရေးအရ တန်းတူညီမျှ လွှမ်းမိုးမှုရှိသော အမျိုးသားများထက် အမျိုးသမီးများ ကို အွန်လိုင်းပေါ်တွင် အဆပေါင်းများစွာ ပို၍ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ပစ်မှတ်ထားခံရသော အမျိုးသမီးအများစုသည် လူသိမများသော အမျိုးသမီးများဖြစ်ပြီး PDF လိုလားသော (သို့မဟုတ်) NUG ပို့စ်များအပေါ် အပြုသဘောဆောင်သော မှတ်ချက်ပေးခြင်းအတွက် ရိုးရှင်းစွာအသုံးပြုသူများဖြစ်သည်။

●      အရည်အသွေးပိုင်းအရ လေ့လာမှုတွင်ပါရှိသော doxxing ပို့စ် ၂၈ ရာခိုင်နှုန်းတွင် ပစ်မှတ်ထားခံရသော အမျိုးသမီးများအား လက်တွေ့ဘဝတွင် အပြစ်ပေးရန်တောင်းဆိုမှုများအား ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။ ထိုပိုစ့်များအားလုံးနီးပါးတွင် ပစ်မှတ်ထားခံရသော အမျိုးသမီးများအား လက်တုံ့ပြန် နိုင်ရန်အတွက် မြန်မာစစ်တပ်အာဏာပိုင်များအနေဖြင့် ထိုအမျိုးသမီးများအားဖမ်းဆီးရန် (သို့) ထိုအမျိုးသမီးများ၏ ပိုင်ဆိုင်မှုများအားသိမ်းဆည်းရန် ပြတ်သားသော တောင်းဆိုချက်များ ပါရှိသည်။

●      စစ်ကောင်စီကိုထောက်ခံသော အချို့သော Telegram ချန်နယ်များက doxxing ပို့စ်များ၏ မကြာခဏ မျှဝေခြင်းနှင့် အပြန်အလှန် ချဲ့ထွင်ခြင်းများမှတဆင့် doxxing လှုံ့ဆော်မှုများ ရှိနေကြောင်း အထောက်အထားများ ရှိသည်။ အချို့သော စစ်ကောင်စီကိုထောက်ခံသော Telegram ချန်နယ်များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေပြီး စစ်ကောင်စီကိုဆန့်ကျင်သော အမျိုးသမီးများကို ဘေးဥပါဒ်ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ရေးသားခဲ့ကြပြီး ထိုအမျိုးသမီးများကိုပစ်မှတ် ထားဖမ်းဆီးရန်နှင့် ဖမ်းဆီးမှုများအပြီးတွင် အောင်ပွဲခံသောသတင်းများ ရေးသားခဲ့ကြသည်။

 

အမျိုးသမီးများ အရှက်ရစေရန်နှင့် နှိမ်ချဆက်ဆံခံရစေရန် လိင်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ဖြစ် စေသောစကားလုံးများကို ထိုအမျိုးသမီးများအား နှုတ်ဆိတ်နေစေရန် ကြိုးပမ်းသည့်အခါတွင် အသုံးပြုခဲ့ ကြောင်းတွေ့ရှိခဲ့ရသည်။ လိင်ပိုင်းဆိုင်ရာအရမမှန်ကန်သော လုပ်ဇာတ်များကို နိုင်ငံရေးတက်ကြွလှုပ်ရှား သော အမျိုးသမီးများအားထိခိုက်စေရန် ရည်ရွယ်အသုံးပြုခဲ့ပြီး စစ်ကောင်စီ၏ တရားဝင် မီဒီယာများမှ PDF ကိုထောက်ခံသော အမျိုးသမီးများအား အကျင့်စာရိတ္တပျက်ပြားသော လူမျိုးရေးအရ စင်ကြယ်မှုမရှိ သော ပုဂ္ဂိုလ်များအဖြစ် ဖော်ပြထားမှုနှင့် ကိုက်ညီလျှက်ရှိသည်။

●      လိင်ပိုင်းဆိုင်ရာ မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများသည် အမျိုးသမီး PDF နှင့် NUG ထောက်ခံသူများ ကို ကိုယ်ကျင့်တရားဖောက်ပြန်ပြီး ညစ်ညမ်းသူများ၊  PDF နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ခေါင်းဆောင်များနှင့်နိုင်ငံခြားသားများအတွက် လိင်ပိုင်းဆိုင်ရာ အသုံးချခံ သားကောင် များအဖြစ် ပုံဖော်ထားသည်။ အွန်လိုင်းပေါ် ရှိတိုက်ခိုက်မှုများတွင် အလွန်ရိုင်းစိုင်း သောဗန်းစကားများကို အသုံးပြုလေ့ရှိပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို နေ့စဉ်ဘဝတွင် အားပေးသော၊ လူသားမဆန်သော စကားလုံးများ (သို့) ပုံရိပ်များကို အသုံးပြုကာဖော်ပြလေ့ရှိသည်။

●      ဤကဲ့သို့ပုံဖော်မှုများကိုလည်း စစ်ကောင်စီ၏ တရားဝင်မီဒီယာများမှ ထောက်ခံအားပေးထားသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ဘာသာရေးတန်ဖိုးများနှင့် ကိုယ့်ကျင့်တရား စင်ကြယ်မှုဆိုင်ရာ အမြင်များနှင့် ဆက်နွယ်မှုရှိနေသော PDF အဖွဲ့များအား ကိုယ်ကျင့်တရားဆိုင်ရာ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ် ပုံဖော်ထားသည်။

●      လူသားမဆန်သောစကားလုံးများအား အသုံးပြုခြင်းနှင့် စိတ်ကူးယဥ်ပုံများအသုံးပြုခြင်း နည်းလမ်းသည် ရိုဟင်ဂျာလူမျိုးစုများအား နှိမ်ချခွဲခြားဆက်ဆံရာတွင် မြန်မာစစ်တပ်က အသုံးပြုခဲ့သည်။

တိုင်းရင်းသား (သို့) ဘာသာရေးယုံကြည်ချက် လူနည်းစုများမှလာသော အမျိုးသမီးများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သက်သေအထောက်အထားများ တွေ့ရှိရပြီး မွတ်စလင်လူနည်းစု အုပ်စုများအပေါ်တွင် ညှာတာမှုရှိသည်ဟု ယူဆရသောအမျိုးသမီးများနှင့် ၎င်းတို့၏ လိင်စိတ်ပေါ်မူတည်၍ ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။

●      အရည်အသွေးပိုင်းဆိုင်ရာ လေ့လာဆန်းစစ်မှုများတွင် ထင်ရှားသော ဒီမိုကရေစီလိုလားသော အမျိုးသမီး များကို ဂုဏ်သိက္ခာကျစေရန် ကြိုးပမ်းမှုတွင် အမျိုးသားရေးဝါဒီ ဇာတ်ကြောင်းများနှင့် လိုက်လျော ညီထွေဖြစ်သော လိင်ပိုင်းဆိုင်ရာဆန်သောမွတ်စလင်ဆန့်ကျင်ရေး စကားလုံးများကို ပြသခဲ့သည်။ ယင်းတွင် အမျိုးသမီးများသည် မွတ်ဆလင်အမျိုးသားများနှင့် လိင်နှင့်ပတ်သက်သော ဆက်ဆံရေးရှိ ကြောင်း ပြတ်သားသော ဘာသာစကားဖြင့် ပြောဆိုမှုများပါဝင်သည်။

●      Telegram ပေါ်ရှိ SAC အဖွဲ့များမှ နိုင်ငံရေးတက်ကြွသော အမျိုးသမီးများကို ပစ်မှတ်ထားသည့် မူဆလင်ဆန့်ကျင်ရေး အမုန်းပွားမှုအဆင့်သည် ဒီမိုကရေစီလိုလားသော အုပ်စုများအတွင်းထက် ၂၅ ဆခန့် မြင့်မားသည်။ သို့သော်လည်း အရည်အသွေးပိုင်းဆိုင်ရာနှင့် အရည်အတွက်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွင်း အမျိုးသမီးများကိုဦးတည်သော မွတ်စလင်ဆန့်ကျင်ရေးမုန်းတီးမှု (သို့မဟုတ်) လူနည်းစုတိုင်းရင်းသား (သို့မဟုတ်) ဘာသာရေးနောက်ခံမှ အမျိုးသမီးများကို ပစ်မှတ်ထားပုံပေါ်သည့် ပို့စ်အရေအတွက်အားလုံးမှာ နည်းပါးပါသည်။ ဤအရေအတွက်သည် ဆိုရှယ်မီဒီယာ ဂေဟစနစ်တွင် မွတ်ဆလင်ဆန့်ကျင်ရေးကို ကိုယ်စားပြုမှုနည်းပါးသောကြောင့် သုတေသနပုံစံရှိ အရေအတွက် တွေ့ရှိချက်များတွင် မှားယွင်းသောအပြုသဘောအရေအတွက်ကို ကန့်သတ်ထားသည်။

●      အရည်အသွေးပိုင်းဆိုင်ရာ လေ့လာမှုများတွင်ပါဝင်သော ပို့စ်များ၏ ၆ ရာခိုင်နှုန်းတွင် လိင်စိတ်ကွဲပြား ခြားနားသော ပုဂ္ဂိုလ်များ (LGBTQIA) ကို ဆန့်ကျင်သော အမြင်များပါရှိသည်။ ဤကဲ့သို့သော အမုန်းတရားပါဝင်သည့် ပို့စ်များသည် ဒီမိုကရေစီလိုလားသော အကောင့်များအနေဖြင့် ပိုမိုရေးသား ဖော်ပြခဲ့ကြသည်။ လိင်စိတ်ကွဲပြားခြားနား သူများကို ဆန့်ကျင်သောအမြင်အများစုကို စစ်ကောင်စီ၏ နိုင်ငံရေးသမားဖြစ်သော ဒေါ်သက်သက်ခိုင်ကို ပစ်မှတ်ထားရာတွင် အသုံးပြုကြလေ့ရှိသည်။

အွန်လိုင်းအကြမ်းဖက်အလွဲသုံးစားမှုနှင် doxxing တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများ နှုတ်ဆိတ်နေရခြင်းနှင့် လက်တွေ့ဘဝတွင် ငြိမ်ဝပ်လျှို့ဝှက်စွာနေရခြင်းစသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့၏အမြင်များ၊ ပုဂ္ဂိုလ်နှင့် ဂုဏ်သိက္ခာအပေါ် တိုက်ခိုက်မှုများရှိခဲ့သည်ဟု တင်ပြခဲ့ကြပြီး မုဒိမ်းမှု၊လူသတ်မှု နှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ပြင်းထန်သော ထိခိုက်မှုများရှိစေနိုင်သည့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟုဆိုကြသည်။

●      အကြမ်းဖက်မှုမှ လွတ်မြောက်ခဲ့သူများနှင့် အတွင်းကျကျမေးမြန်းထားသော အင်တာဗျူးများအရ အွန်လိုင်းပေါ်ရှိ အကြမ်းဖက်မှု၊ အထူးသဖြင့် doxxing တိုက်ခိုက်မှုများကြောင့် အမျိုးသမီးများအနေဖြင့် အများပြည်သူရှေ့တွင် နေထိုင်ရန်ကျဉ်းကြပ်ခဲ့ပြီး အွန်လိုင်းပေါ်တွင်သာမက လက်တွေ့ဘဝတွင်မှာပါ မျက်နှာမဖော်ဝံ့ ဖြစ်ခဲ့ရသည်ဟုဆိုသည်။ လွတ်မြောက်ခဲ့သူများအနေဖြင့် ၎င်းတို့၏ အိမ်များအတွင်း မလုံခြုံသလိုခံစားခဲ့ရကာ အကြောက်တရားစိုးမိုး၍ နေထိုင်ခဲ့ရသည်ဟုဆိုသည်။ ထို့အပြင် မိသားစုနှင့်သူငယ်ချင်းများ ကြားတွင်လည်း ခက်ခဲစွာနေထိုင်ခဲ့ရကာ အွန်လိုင်းတိုက်ခိုက်မှု များကြောင့် အရှက်ရခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသော ခံစားမှုများ ရရှိခဲ့ကြောင်း ဆိုခဲ့ကြသည်။

●      အရည်အသွေးပိုင်းဆိုင်ရာ လေ့လာမှုတွင် ဤဖြစ်စဉ်ကိုထောက်ခံသော သက်သေအထောက်အထား အချို့ရှိခဲ့သည်။ Doxxing အလုပ်ခံရသော အမျိုးသမီးများအနေဖြင့် အွန်လိုင်းပေါ်တွင် အများပြည်သူမြင်သာနိုင်ခြင်းမှ လျှော့ချနိုင်ရန် ၎င်းတို့၏အကောင့်များအား  ဖျက်သိမ်းခြင်း (သို့) ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် doxxing အလုပ်ခံရသော အမျိုးသမီးများထဲမှ မည်မျှသောအရေအတွက်သည် ထိုကဲ့သို့မိမိကိုယ်ကို ကာကွယ်ခြင်းများ မပြုလုပ်နိုင်သေးခင် ၎င်းတို့အား Telegram ချန်နယ်ကဲ့သို့သော နေရာများတွင် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုများ ရှိနေခြင်းကို ကြိုတင်သိရှိခြင်း ရှိ၊ မရှိကို ထင်ရှားစွာမသိနိုင်ပါ။

 

ဤအစီရင်ခံစာတွင် ပါဝင်သော တွေ့ရှိချက်များမှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် အမှန်တကယ် သက်ရောက်လျှက်ရှိသော အကြမ်းဖက်မှုပမာဏ၏ အပေါ်ယံမျှသာဖြစ်နိုင်သည်။

●      ဤအစီရင်ခံစာတွင်ပါဝင်သော တွေ့ရှိချက်များမှာ လေ့လာသုံးသပ်မှုပြုလုပ်ခဲ့သော လူမှုပလက်ဖောင်း များတွင် အများသူငှာတွေ့မြင်နိုင်သော ပို့စ်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ အလွဲသုံးစားမှုမှ လွတ်မြောက်လာခဲ့သူများနှင့် အင်တာဗျူးများတွင် အခြားဖိုရမ်များ၌ ဖြစ်ပေါ်လျှက်ရှိသော သိသာ ထင်ရှားသည့် အလွဲသုံးစားမှုများကိုလည်း မီးမောင်းထိုးဖော်ပြခဲ့ကြသည်။

●      အခြားသောပုံစံဖြင့် အလွဲသုံးစားမှုများမှာ

o   အရွယ်ရောက်ပြီးသူများသာ ကြည့်ရှုရန်သင့်သောဝဘ်ဆိုဒ်များတွင် ၎င်းတို့၏ပုံများနှင့် ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များကို ပို့စ်တင်ခြင်း

o   တိုက်ရိုက်မက်ဆေ့ချ် (Direct message) နှင့် Whatsapp ကဲ့သို့သောစာပို့စနစ် app များတစ်ဆင့် မက်ဆေ့ချ်များနှင့် ခြိမ်းခြောက်မှုများပေးပို့ခြင်း

o   လိင်ပိုင်းဆိုင်ရာများ အသားပေးဖော်ပြရန် ရည်ရွယ်ထားသော ညစ်ညမ်း Telegram ချန်နယ်များ တည်ရှိနေခြင်း (လုံခြုံရေးအကြောင်းပြချက်များကြောင့် ဤလေ့လာမှုတွင် ထည့်သွင်းမဖော် ပြထားပါ)။

 

အလွဲသုံးစားလုပ်မှုကို ရပ်တန့်ရန်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းကို ထိန်းညှိကျင့်သုံးမှုများသည် မလုံလောက်သောကြောင့်လွတ်မြောက်သူမှ ပြင်းထန်စွာခံစားရသည်။ ခွဲခြမ်းစိတ်ဖြာထားသော အလွဲ သုံးစားလုပ်ထားသည့် ပို့စ်အများစုသည် ပလက်ဖောင်း စည်းကမ်းသတ်မှတ်ချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ပြီး အလွန်တက်ကြွသော အကောင့်နှင့် ချန်နယ်အနည်းစုက တွန်းအားပေးထားသည်။

 

●      အရေအတွက်ပိုင်းဆိုင်ရာ လေ့လာမှုတွင် Telegram ပေါ်ရှိ ချန်နယ် ၄ ခုကသာလျှင် တွေ့ရှိခဲ့ရသော အလွဲသုံးစားပြုမှုပို့စ်များ၏ ၅ဝ ရာခိုင်နှုန်းကျော်ကို ပင်တိုင်ဖော်ပြခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ အရည်အသွေးပိုင်းဆိုင်ရာနှင့် အရေအတွက်ပိုင်းဆိုင်ရာ လေ့လာမှုများတွင် ပိုစ့်ပေါင်း ၁၅၀,၀၀၀ ကျော်တင်ထားသော တယ်လီဂရမ်ချန်နယ် ၁၃ခု သည် အလွဲသုံးစားမှုအများစုအတွက် တာဝန်ရှိကြောင်း တွေ့ရသည်။

●      ပလက်ဖောင်းပေါ်လစီကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသော်လည်း များပြားလှသော doxxing ချန်နယ်အများစုသည် Telegram တွင် ဆက်လက်တည်ရှိနေသည်။ Telegram ချန်နယ် အနည်းငယ်အားဖြုတ်ချမှုသည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုအတွက် နည်းပါးနေ သေးလျှက်ရှိကြောင်းကို တွေ့ရှိရသည်။ ဤကဲ့သို့ဖြစ်ပေါ်ရသည်မှာ အရန်ချန်နယ်များ ပေါများမှုနှင့် လူသိများ၍အန္တရာယ်များသော ပြုလုပ်သူများမှ ဖန်တီးကြသောချန်နယ်အသစ်များကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

●      Closed group အဖွဲ့များတွင် ဖြစ်ပေါ်လျက်ရှိသော လူတစ်ဦးတစ်ယောက်အပေါ်တွင် အကြမ်းဖက်မှု (သို့) လက်တုံံ့ပြန်နိုင်ရန် (အတိအလင်းမဟုတ်ဘဲ) သွယ်ဝိုက်သောနည်းဖြင့် အားပေးအားမြှောက်ပြုသော doxing တိုက်ခိုက်မှု၊ အမျိုးသမီးမုန်းတီးမှု နှင့် လူမျိုးရေးခွဲခြားမှုပို့စ်များအား ဖြုတ်ချနိုင်ရန် Telegram ၏ မူဝါဒသည် ပျက်ကွက်လျှက်ရှိသည်။

●      အရည်အသွေးပိုင်းဆိုင်ရာလေ့လာမှုမှ ဖော်ထုတ်ထားသော အလွဲသုံးစားလုပ်ထားသည့် ပို့စ်ပေါင်း ၂၂၀ အနက်မှ ၁၈၅ ခုသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် အနည်းဆုံး ခြောက်ပတ်ကြာ တည်ရှိနေခဲ့သည်။ Telegram ပေါ်ရှိ ပို့စ် ၁၂၆ ခုအနက် ၁၀၀ (၇၉%) သည် Telegram ၏ ဝန်ဆောင်မှုစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။ Facebook ပို့စ် ၇၉ ခု၏ ၇၁ ခု (၉၀%) သည် Facebook ၏ အဖွဲ့အစည်းစံနှုန်းများကို ချိုးဖောက်ခဲ့သည်။

●      အချို့သောကိစ္စများတွင် အလွဲသုံးစားပို့စ်များသည် ကုဒ်လုပ်ထားသောဘာသာစကား၊ GIF များ / လှုပ်ရှာသောပုံများ၊memeများနှင့် ပြင်ဆင်ထားသောပုံများ အသုံးပြုခြင်းဖြင့် ထောက်လှမ်းသိရှိမှုကို ရှောင်ရှားခြင်းဖြစ်နိုင်သည်။ အရည်အသွေးအရ ခွဲခြမ်းစိတ်ဖြာထားသည့် Facebook ပေါ်ရှိ ၄၂ ရာခိုင်နှုန်းသော ရိုင်းစိုင်းသောပို့စ်များတွင် အထူးကြပ်မတ်မှုမရှိဘဲ ထိန်းညှိရန်ခက်ခဲစေသည့် အင်္ဂါရပ် များပါရှိသည်။

 

1.3 အကြံပြုချက်အကျဉ်းချုပ်

1.3.1 ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏တာဝန်ခံမှု

  1. အွန်လိုင်းအလွဲသုံးစားမှုများအား ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးကျွမ်းကျင် သူများနှင့် လွတ်မြောက်လာသူများဦးဆောင်သော ချဉ်းကပ်မှုအားလုပ်ဆောင်ခြင်း။ ယင်းတွင် မြန်မာဘာသာစကား အကြောင်းအရာများကို စောင့်ကြည့်လေ့လာရန် ရင်းမြစ်များပိုမိုအသုံးပြုခြင်း၊ အလွဲသုံးစားမှု၏ ပြောင်းလဲလာသောသဘာဝနှင့် အကျိုးသက်ရောက်မှုများကို ထိုးထွင်းသိမြင်နိုင် သော လွတ်မြောက်လာသူများအား မြန်မာအမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများနှင့် တိုင်ပင် ဆောင်ရွက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ထိခိုက်ခံရသည့်အသိုင်းအဝိုင်းများသို့ ဒေတာများ လက်လှမ်းမီစေရန် ပလက်ဖောင်းများကို အသုံးပြုနိုင်ရန် လိုအပ်သည်။ သို့မှသာ  အလွဲသုံးစားမှုများ ကို ခြေရာခံရန်နှင့် တန်ပြန်အရေးယူမှုများ၏ ထိရောက်မှုကိုခြေရာခံရန်အတွက် ပလပ်ဖောင်းများနှင့် အလုပ်လုပ်နိုင်စေမည် ဖြစ်သည်။

  2. ရှိနှင့်ပြီးသားမူဝါဒများနှင့် အမျိုးသမီးများကို doxxing ပြုလုပ်နိုင်သော ၎င်းတို့၏အသုံးပြုမှု စည်းကမ်းချက်များတွင် လက်ရှိဖမ်းယူမထားသည့် အလွဲသုံးစားမှုအမျိုးအစားများကို လွှမ်းခြုံရန် ပလက်ဖောင်းအင်္ဂါရပ်များကို ပြန်လည်သုံးသပ်ခြင်း။

  3. ပလက်ဖောင်းပေါ်တွင် သတင်းပေးပို့လာသော ခြိမ်းခြောက်မှုများကို ဖော်ပြလျှက်ရှိသည့် အလွဲသုံး စားပြုကျင့်နေသော အကောင့်များကို အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားနိုင်ရန် ထိုခြိမ်းခြောက် မှုများအား တုံ့ပြန်နိုင်မှုအရှိန်ကို မြှင့်တင်ခြင်း။

1.3.2 လွတ်မြောက်လာသူများအတွက် ပံ့ပိုးမှု

  1. အွန်လိုင်းအကြမ်းဖက်မှုမှ လွတ်မြောက်လာသူများအား အထောက်အပံ့ပေးနေသော အမျိုးသမီးများနှင့် အမျိုးသမီးရေးရာအဖွဲ့အစည်းများအား အရင်းအမြစ်များမျှဝေပေးခြင်းနှင့် အွန်လိုင်းတွင်သာမက လက်တွေ့ဘဝမှာပါ ကြုံတွေ့နေရသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြဿနာများနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာတိုးမြှင့်ပေးခြင်း။

  2. မြန်မာမီဒီယာများ၊ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ နှင့် ပံ့ပိုးကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အလွဲသုံးစားပြုမှုနှင့် စပ်လျဉ်း၍ ဂုဏ်သိက္ခာညှိုးနွမ်းစေသောဖြစ်စဉ် များ မဖြစ်ပေါ်စေရန် ကူညီဆောင်ရွက်ကြိုးပမ်းခြင်း။

အနာဂတ်သုတေသနအတွင် လမ်းကြောင်းများ

  1. အွန်လိုင်းတွင်သာမက လက်တွေ့ဘဝတွင်မှာပါ သက်ရောက်မှုရှိသည့် doxxing တိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စွာ နားလည်စေရန် အများသူငှာ ကြည့်ရှုနိုင်သော Telegram နှင့် အခြားသော ချန်နယ်များအား တက်ကြွစွာလေ့လာစောင့်ကြည့်ခြင်း။

 

  1. အွန်လိုင်းပေါ်ရှိ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများကို မှတ်တမ်းတင်နိုင်ရန် အထူးစောင့်ကြည့် အဖွဲ့များကိုထားရှိခြင်း – ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် လူကုန်ကူးမှုဆိုင်ရာ အလားအလာများရှိသော အွန်လိုင်းပေါ်ရှိ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများအား ထည့်သွင်း စောင့်ကြည့်ခြင်း။

 

  1. မတူညီသော အမျိုးသမီးအုပ်စုများကြားတွင် ခိုင်မာသော နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်ရန် အလွဲသုံးစားပြုသော ပို့စ်များ၏ ဒေတာစုဆောင်းမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း။

 

  1. ကျင့်ဝတ်ဆိုင်ရာ အွန်လိုင်းသုတေသနနှင့် စပ်လျဉ်းသော မူဘောင်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် သုတေသီများ၊ မူဝါဒချမှတ်သူများ၊ NGO များနှင့် ကနဦး တုံ့ပြန်ဆောင်ရွက်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။

ဤသည်မှာ မြန်မာနိုင်ငံရှိ အမျိုးသမီးများအား ပစ်မှတ်ထား၍ အမုန်းပွားစေသော အမုန်းစကားများ နှင့် ၎င်း၏သက်ရောက်မှုများကို ပြသသည့်ပမာဏနှင့် ပြင်းထန်မှုတို့ကိုပြသသည့် Myanmar Witness မှ စုဆောင်းရရှိထားသော အထောက်အထားများဖြစ်ပြီး အလွဲသုံးစားလုပ်မှုနှင့် အမုန်း စကားဆိုင်ရာ ပလက်ဖောင်းပေါ်လစီများကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေသော အွန်လိုင်းတွင် ကျန်ရှိနေသောပို့စ်များ၊ အမုန်းစကားများနှင့် အခြေအနေကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် ထိရောက်သောတုံ့ပြန်မှုများကို ဖော်ထုတ်ရန် သက်ရောက်မှုရှိသော အဖွဲ့အစည်းများနှင့် သုတေသီ များအတွက် ရရှိနိုင်သော ပလက်ဖောင်းဒေတာ နည်းပါးခြင်းတို့ ပါဝင်သည်။

 

အကြံပြုထားသော ချဉ်းကပ်မှုတွင် မြန်မာအမျိုးသမီးများ၊ ဒစ်ဂျစ်တယ်အခွင့်အရေးအဖွဲ့အစည်း များနှင့် အလွဲသုံးစားမှု၏သဘောသဘာဝနှင့် အကျိုးသက်ရောက်မှုများကို ထဲထဲဝင်ဝင်သိမြင်နား လည်သော လွတ်မြောင်လာသူများနှင့်တိုင်ပင်ကာ မြန်မာဘာသာစကားအကြောင်းအရာကို စောင့်ကြည့်လေ့လာရန် အရင်းအမြစ်များ ပိုမိုအသုံးပြုခြင်းတို့ ပါ၀င်မည်ဖြစ်သည်။ ဤအဆိုပြု ထားသောချဉ်းကပ်မှုသည် အလွဲသုံးစားမှုကိုခြေရာခံရန်နှင့် တန်ပြန်အရေးယူမှုများ၏ ထိရောက်မှု ကိုခြေရာခံရန် ပလပ်ဖောင်းများနှင့်အတူ အလုပ်လုပ်နိုင်စေရန်အတွက် ထိခိုက်ခံရသောအသိုင်း အဝိုင်းများအတွက် ဒေတာများလက်လှမ်းမီစေသော ပလက်ဖောင်းများလို အပ်မည်ဖြစ်သည်။

ရိုဟင်ဂျာလူမျိုးများအား အမုန်းပွားစေသော အကြောင်းအရာများ ပြန့်နှံနေကြောင်း သတင်းများထွက်ပေါ်လာပြီးသည့် နောက်ပိုင်းတွင် Facebook အနေဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ စောင့်ကြည့်လေ့လာမှုကို တိုးမြှင့်ဆောင်ရွက်ခဲ့သည် ဟု ဆိုခဲ့သော်လည်း အချို့သောဖြစ်ရပ်များတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ရန် လှုံဆော်နေသည့် အန္တရာယ်ရှိသော အကြောင်းအရာများကို အမိအရမှတ်တမ်းတင်နိုင်ရန် ပျက်ကွက်နေဆဲဖြစ်သည်။ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေသော အွန်လိုင်းတွင် အလွတ်သဘောအသုံးပြုသည့် ညစ်ညမ်းသော ဘန်းစကားအသုံးအနှုန်းများ၊ ၎င်းတို့၏ အလွဲသုံးစားလုပ်မှုတွင် ကုဒ်ပါဘန်းစကား/သို့မဟုတ် ပုံများကိုအသုံးပြုသည့် စာသားများ နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မှတ်ချက်ပေးခြင်းနှင့် မှတ်တမ်းတင်ခြင်းအပါအဝင် တရား ဝင်သောအကြောင်းအရာများကို ဖယ်ရှားခြင်းစသည့် အလွဲသုံးစားလုပ်ထားသော ပို့စ်များကို တတ်နိုင်သမျှဖမ်းယူရန် ဗျူဟာများရေးဆွဲရန် လူ့ကျွမ်းကျင်မှု လိုအပ်ပါသည်။

Share Article