အရပ်သားများထိခိုက်ခြင်း-မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ရေး စစ်ဆင်ရေးများ၏ သက်ရောက်မှုများအား စုံစမ်းဖော်ထုတ်ထားခြင်း

Myanmar Witness

3 min read

CIR

CIR 's photo

ဒေသတွင်း စုံးစမ်းဖော်ထုတ်မှု

အရပ်သားများထိခိုက်ခြင်း: မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ရေး စစ်ဆင်ရေးများ၏ သက်ရောက်မှုများအား စုံစမ်းဖော်ထုတ်ထားခြင်း

အနှစ်ချုပ်

Myanmar Witness သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီး မြောက်ပိုင်းအခြမ်းတို့တွင် စစ်တပ်၏ စစ်ဆင်ရေးများကြောင့် အရပ်သားထိခိုက်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ပါသည်။ ဤအစီရင်ခံစာတွင် လူလုပ်မီးရှို့မှုများ၊ ကျေးရွားပျက်စီးမှုများ နှင့် အကြမ်းဖက်သတ်ဖြတ်မှု အများအပြားဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ၏ သက်သေအထောက်အထားများကို ဖော်ပြထားပါသည်။ ဤတွေ့ရှိချက်များသည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ခံရသည်ဟု ဆိုသော မျက်မြင်သက်သေများ၏ အတည်ပြုချက်များဖြစ်ပါသည်။ ဤကဲ့သို့ စစ်ဆင်ရေးအင်အားအသုံးပြုမှုသည် ဒေသတွင်းရှိ စစ်ဘက်လိုလားသူများနှင့် ဆန့်ကျင်ဘက်အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုသံသရာကို ပိုမိုတွန်းပို့ရာရောက်ကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။

မီးရှို့ခံရခြင်းများ

Myanmar Witness သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် မေလအတွင်း အဆိုပါဒေသများတွင် တမင်ရည်ရွယ်မီးရှို့ခံခဲ့ရသည့် နေအိမ်များနှင့် လူ့အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်း ၂၀၅ ခုကို မှတ်တမ်းတင်ထားရှိပါသည်။ သတင်းများ အများစုမှာ မြန်မာစစ်တပ်ကြောင့် ဟု သတ်မှတ်ကြပါသည်။ Myanmar Witness သည် အဆိုပါသတင်းများအနက် ၁၇၂ ခုကို ဂြိုတ်တုပုံရိပ်များနှင့် အပူလိုင်းဖြင့်ဖမ်းယူသော ဘူမိဗေဒပုံရိပ်များမှ ရရှိသည့ အချက်အလက်များကို အပြန်အလှန်စိစစ်ပြီး အတည်ပြုခြင်း သို့မဟုတ် တစ်စိတ်တစ်ပိုင်းတို့ကို အတည်ပြုခြင်းတို့ကိုပြုလုပ်ထားပါသည်။ မီးရှို့ခံရမှုများမှာလည်း မြန်မာနိုင်ငံ အနောက်မြောက်ဘက်တွင် စစ်တပ်အင်အား တည်ဆောက်မှုနှင့် စစ်ယာဉ်တန်းများ ရွေ့လျားမှုနှင့် ဆက်စပ်နေပါသည်ဟု Time-mapping က ပြသနေပါသည်။

Myanmar Witness သည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများကို စစ်တပ်က မီးရှို့ကျူးလွန်းမှုများ နှင့်ပတ်သက်သည့် အပြန်အလှန်ဆက်နွယ်နေသည့် လမ်းကြောင်းသုံးခုကို မှတ်တမ်းတင်ထားပါသည်။ ပထမအချက်အနေဖြင့် စစ်ယာဉ်တန်းများသည် စစ်တပ်၏ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် ကျေးရွာများကို ဖြတ်သန်းသွားလာသည့်အခါ မီးလောင်သည့် အဆောက်အဦတွေကျန်ခဲ့ပါသည်။ သက်သေမှတ်တမ်းများ ရရှိမှု အကန့်အသတ်ဖြစ်သော်လည်း Myanmar Witness သည် ပြောဆိုချက် အများအပြားကို မှတ်တမ်းတင်ထားပြီး၊ အဆောက်အဥ◌ီးများ မီးရှို့ခံရသည့် နေရာများတွင် တပ်မတော်ယာဉ်တန်းများ ရှိနေခြင်း သို့မဟုတ် အနီးနားတွင် ရှိနေခြင်းတို့ကို စိစစ်နိုင်ခဲ့ပါသည်။

ဒုတိယအချက်မှာ စစ်တပ်သည် ၎င်းတို့၏ စစ်ကောင်စီကို ဆန့်ကျင်သည်သူများဟု ထင်မြင်ယူဆထားသော နေရာဒေသများတွင် နေထိုင်သူများကို တုံ့ပြန်သည့်အနေဖြင့် ရပ်ရွာများကို ဝင်ရောက်ကာ မီးရှို့ခဲ့သည်ဆိုသည့် အထောက်အထားများကိုလည်း တွေ့ရပါသည်။ ဤအစီရင်ခံစာတွင် စစ်ကောင်စီသည် ၎င်းတို့၏အမိန့်ကို အဓိကဆန့်ကျင်မှုများ ပြုလုပ်သည့် ဒေသနှစ်ခုဟု သတ်မှတ်သည့် ထန်တလန် နှင့် တန့်ဆည် နယ်မြေများရှိ နေအိမ်များကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဖျက်ဆီးခြင်းဆိုင်ရာ အသေးစိတ်ဖြစ်ရပ်လေ့လာမှုနှစ်ခု ကို ဖော်ပြသွားမှာဖြစ်ပါသည်။ ယခုအကြောင်းအရာများ၏ နောက်ထပ်အထောက်အထား တွေ့ရှိချက်များကို Myanmar Witness ၏ လက်တလောထုတ်ပြန်ထားသည့် “Burning Myanmar” အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တတိယအချက်ဖြစ်သည့် မကြာသေးမီလများက စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများပါဝင်သည့် တပ်ဖွဲ့များက ၎င်းတို့ကို ဆန့်ကျင်သည့် ဒေသခံပြည်သူများကို တိုက်ခိုက်ခြင်းသည် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများအတွင်း ကြမ်းဖက်မှုလက်တုံ့ပြန်အများကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤအစီရင်ခံစာတွင် စစ်ကောင်စီ နှင့် စစ်ကောင်စီ လိုလားသော ပြည်သူ့စစ်များနှင့် ပူးပေါင်းမှုရှိသည်ဟု ယူဆရသော ရပ်ရွာများအပေါ် တိုက်ခိုက်မှုများကို တစ်စိတ်တစ်ပိုင်း စီစစ်ထားသော အစီရင်ခံစာများလည်း ပါရှိသည်။ ယခုတွေ့ရှိချက်များမှ တဆင့် ထပ်မံပြီး စစ်ကောင်စီ ထောက်ခံသော ပြည်သူ့စစ်များအကြောင်းနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်ခု Myanmar Witness က မကြာခင် ထုတ်ပြန်ဖို့ ရှိပါသည်။

လူပေါင်းများစွာသတ်ဖြတ်ခံရခြင်း

Myanmar Witness သည် ယခုကာလအတွင်း မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသအတွင်း လူပေါင်းများစွာ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သတ်ပြီး အစီရင်ခံစာ ၃ ခုကို စုံစမ်းဖော်ထုတ်ပြီးဖြစ်ပါသည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ ဤသတ်ဖြတ်မှုများသည် မြန်မာစစ်တပ်ဖြစ်သည်ဟု ယူဆကြသည်။ သက်သေထွက်ဆိုချက် တစ်ခုချင်းဆီတိုင်းသည် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ဒေသခံနယ်မြေများတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားသည့် သတင်းများကို အခြေခံထားသည်။ ပြင်းထန်စွာ မီးရှို့သတ်ဖြတ်ခံထားရသည့် အလောင်းများ နှင့် ပတ်သက်သည့် ဖြစ်ရပ်နှစ်ခုလည်းပါဝင်သည်။ ဤအစီရင်ခံစာတွင် တင်ပြထားသည့် အသေးစိတ်လေ့လာထားသည့် ဖြစ်ရပ်များမှာ:

● ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြင့်သာမြို့နယ်တွင် ၁၈ ဦး သေဆုံးမှုကို စီစစ်ထားပါသည် (အစိတ်အပိုင်းတချို့ စီစစ်ပြီးစီး)။ သေဆုံးသူများတွင် အရွယ်မရောက်သေးသူများ၊ သက်ကြီးရွယ်အိုများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ ပါဝင်ကြောင်း သိရသည်။

● ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး ဆာလင်းကြီးဒေသတွင် ၁၁ ဦး သေဆုံးမှု ကို စီစစ်ထားပါသည်။ သေဆုံးသူများတွင် အရွယ်မရောက်သေးသူများနှင့် သက်ကြီးရွယ်အို အမျိုးသမီးများ တစ်ဦး ပါဝင်ကြောင်း သိရသည်။

● ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်ဆိမ့်ကြီးမြို့နယ်တွင် ခြောက်ဦး သေဆုံးမှု ကို စိစစ်ထားပါသည်။ (အပြည့်အစုံစစ်ဆေးပြီး)

Myanmar Witness သည် မြန်မာနိုင်ငံ အနောက်မြောက်ဒေသနှင့် အခြားဒေသများရှိ အသတ်ခံရမှုများနှင့် ပတ်သက်သည့် အခြားသေဆုံးမှုများကိုလည်း ဆက်လက်စိစစ်နေပါသည်။ ၎င်းတို့ကို လာမည့်အစီရင်ခံစာတွင် မှတ်တမ်းတင်သွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ လူသေဆုံးမှုများ နှင့် ကျေးရွာများကို မီးရှို့မှုများ ပုံစံသည် ကုလသမဂ္ဂက လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည့် ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ ဆောင်ရွက်သော ‘နယ်မြရှင်းလင်းရေးစစ်ဆင်ရေး’ နှင့် ဆင်တူသည့် လက္ခဏာများဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို စီစစ် စစ်ဆေးပြီး မှတ်တမ်းတင်ထားမည့် အစီရင်ခံစာများ ထွက်ပေါ်လာနိုင်ရေးအတွက် Myanmar Witness သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေအနေများကို စဥ◌်ဆက်မပြတ် စောင့်ကြည့်နေပါသည်။

မိတ်ဆက်ခြင်းနှင့် အကြောင်းအရာ

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတိပေးချက် အရ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသများတွင် စစ်ရေး လှုပ်ရှားမှုနှင့် လူ့အခွင့်အရေး အခြေအနေများကို Myanmar Witness က စောင့်ကြည့်လေ့လာနေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဆောင်းဦးကာလတွင် ချင်းပြည်နယ်၌ စစ်ရေးအခြေအနေ မြင့်တက်ခဲ့မှုများသည် ‘အနော်ရထာစစ်ဆင်ရေး’ ဟုခေါ်သော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သတင်းဌာနများနှင့် ဒီမိုကရေစီလိုလားသော သတင်းရင်းမြစ်အချို့က ဖော်ပြခဲ့ကြပါသည်။ ဒီမိုကရေစီလိုလားသူများ၏ သတင်းရင်းမြစ်များ အရ အဆိုပါ ချင်းပြည်နယ်တွင် အသုံးပြုခဲ့သော စစ်ဆင်ရေးသည် ၂၀၂၁ခုနှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ အသုံးပြုခဲ့သည့ “အလောင်းမင်းတရားစစ်ဆင်ရေး” အပြီး နောက်တစ်ခုဖြစ်ကြောင်းသိရသည်။ သို့သော်လည်း အဆိုပါ စစ်ဆင်ရေးနှစ်ခုကို ရည်ညွှန်းသည့် သို့မဟုတ် ထိုအမည်များကို ခေါ်ဝေါ်သည့် စစ်ဆင်ရေးမျိုး မြန်မာစစ်တပ်မှ တရားဝင် ကြေငြာချက်မျိုး မတွေ့ရပေ။

Asia Time ၏အဆိုအရ ထန်တလန်မြို့တွင် တည်ရှိသည့် ဝိတိုရိယစခန်း (Camp Victoria) ကို သိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်ခြင်းဖြစ်သည်။ ဝိတိုရိယစခန်း (Camp Victoria) သည် ယခုနှစ်များအတွင်း သေးငယ်ပြီး စစ်ရေးအရ မလှုပ်ရှားနိုင်သော်လည်း လေ့ကျင့်သင်ကြား ထားသော တပ်ဖွဲ့ဝင်များကို အဓိကထားထားရှိသည့် ချင်းအမျိုးသားတပ်မတော် (CNA) ၏ ဌာနချုပ်ဖြစ်သည်။ အဆိုပါစခန်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ (PDF) အတွက်အ ာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို တိုက်ခိုက်ရန် လေ့ကျင့်ရေးနေရာအဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်သည် ချင်းပြည်နယ်ရှိ ၎င်းတို့၏တပ်အတွက် အဓိကထောက်ပံ့ရေး လမ်းကြောင်းနှစ်ခုဖြစ်သည့် ကလေး-ဖလမ်း-ဟားခါးလမ်း နှင့် ကန်ပက်လက်-မင်းဒတ်-မတူပီလမ် တို့ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်. (ပုံ ၁ နှင့် ၂)

ပုံ 1- ချင်းပြည်နယ်ရှိ အဓိကထောက်ပံ့ရေးလမ်းကြောင်းနှစ်ခု၊ ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် ကန်ပက်လက်-မင်းတပ်-မတူပီလမ်း။

ပုံ 2- ချင်းပြည်နယ်ရှိ အဓိကထောက်ပံ့ရေးလမ်းကြောင်းနှစ်ခုသည် ချင်းပြည်နယ်တစ်လျှောက် တစ်ခုနှင့်တစ်ခုဆက်စပ်နေသည်။

ယခုအစီရင်ခံစာသည် သတင်းရင်းမြစ်များနှင့် လူမှုကွန်ယက်အသုံးပြုသူများက ခေါ်ဝေါ်သုံးစွဲသည့် “အလောင်းမင်းတရားစစ်ဆင်ရေး” သက်ရောက်မှုကိုလည်း ခြေရာခံထားသည်။ အဆိုပါ စစ်ဆင်ရေးအမည်ကို မြန်မာစစ်တပ်က မကြေငြာသော်လည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်။

အဆိုပါကာလအတွင်း အင်တာနက်နှင့် ဖုန်းလိုင်းများ အကြိမ်များစွာဖြတ်တောက်ခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် (Myanmar Now ; Myanmar Now ) အဆိုပါဒေသအတွက် ဆက်သွယ်ရေးအပိုင်းများကို အနှောက်အယှက်ဖြစ်စေခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ ဖြစ်နိုင်ချေရှိသော သက်သေအထောက်အထား ရရှိမှုများကိုလည်း အဟန့်အတားဖြစ်စေခဲ့ပါသည်။ Myanmar Witness သည် မကြာခဏဆိုသလို အနောက်မြောက်ဒေသ တစ်ဝှိုက်တွင် လက်ကမ်းစာစောင်များဖြင့် လေယာဥ◌်များပေါ်မှ ကြဲချခြင်း သို့မဟုတ် လက်ကမ်းဖြန့်ဝေခြင်း များဖြင့်ဝါဒဖြန့်ချီခြင်းကို လည်း ဖော်ထုတ်ခဲ့ပြီးဖြစ်ပါသည်။ လက်ကမ်းစာစောင်များတွင် မြန်မာနိုင်ငံရှိ စစ်ကောင်စီ ထောက်ခံရေး စိတ်ဓာတ်စစ်ဆင်ရေးများနှင့်အတူ PDF အားဆန့်ကျင်သည့် အပုပ်ချစာတိုများ ပါ၀င်သည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး Myanmar Witness တွင် အကျယ်တဝင့်ဖော်ပြထားသည့် အစီရင်ခံစာကို ဖတ်ရှုနိုင်ပါသည်။ Using Pamphlets for Propaganda, Misinformation, Intimidation and Division.

ယခုအစီရင်စာသည် စစ်တပ်မှ ပြုလုပ်သည့်သိရသည့် စစ်ဆင်ရေးများနှင့် စစ်တပ်ဆန့်ကျင်ရေး ကာကွယ်ရေးအဖွဲ့များ၏ လုပ်ရပ်ဟု သံသယရှိသော အပြုအမှုများကို ဆက်စပ်မှုတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်ရှိ ရပ်ရွာများကို တိုက်ခိုက်သည်ဟု ဆိုသည့်ဖြစ်ရပ်များကို ဆန်းစစ်ထားပါသည်။

ပုံ 3- စစ်ကိုင်းတိုင်း (စစ်ကိုင်းတိုင်း)၊ မကွေး (မကွေးတိုင်း) နှင့် ချင်းပြည်နယ် (ချင်းပြည်နယ်) တို့၏ ပထဝီဝင်နယ်နိမိတ်များ။

ပထမပိုင်းတွင် မီးရှို့မှုပုံစံများနှင့် ပိုင်ဆိုင်မှုများကို ပျက်စီးဆုံးရှုံးခြင်းများကို အလေးထား ဖော်ပြထားပါသည်။ ယင်းဖော်ပြမှုများထဲတွင် ဒေသတွင်းမီးလောင်မှုသတင်းများကို အသေးစိတ်ဖြစ်ရပ်လေ့လာမှု (၄) ခုဖြစ်သည့် (က) စစ်ရေးလှုပ်ရှားမှုများနှင့် ဆက်စပ်နေသော ရပ်ရွာမီးလောင်မှုများ၊ (ခ) ခုခံမှုများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မီးရှို့မှုများကြောင့် ရပ်ရွာများ ပျက်စီးဆုံးရှုံးခြင်း နှင့် (ဂ) စစ်ကောင်စီထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အကြမ်းဖက်မှုသံသရာလည်ခြင်းတို့ ပါရှိပါသည်။

ဒုတိယပိုင်းတွင် PDF လုပ်ရှားမှုများအတွက် ရပ်ရွာများကိုတုံ့ပြန်သည့်အနေဖြင့် စစ်တပ်ကသတ်ဖြတ်သည်ဟု ဆိုသော လူပေါင်းများစွာအသတ်ခံရခြင်း သတင်းများကို စိစစ်ထားပါသည်။ စိစစ်မှုများထဲတွင် အောက်ပါ ဖြစ်ရပ်များပါဝင်ပါသည်။

● မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြင်သာကျေးရွာ၊ စက်တင်ဘာလ ၂၀၂၁ ခုနှစ် (အစိတ်အပိုင်းတချို့ စိစစ်ပြီးစီး)

● စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဒုံးတောကျေးရွာ၊ ဒီဇင်ဘာ ၂၀၂၁ ခုနှစ် ( အပြည့်အစုံ စိစစ်ပြီးစီး)

● စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ဇန်နဝါရီလ ၂၀၂၂ ခုနှစ် (အပြည့်အစုံ စိစစ်ပြီးစီး)

နည်းစနစ်များ

Myanmar Witness သည် ဒီဂျစ်တယ်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်ကိုလိုက်နာပြီး တိကျခိုင်မာသော၊ ထပ်တူပြုနိုင်သော ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းကို အသုံးပြုပါသည်။ ဒီဂျစ်တယ်နည်းဖြင့်ရရှိသည့် သက်သေများကို လုံခြုံသော ဒေတာဘေ့စ် (အချက်အလက်ပေါင်းများစွာ ထိန်းသိမ်းထားသော နေရာ) တွင် စုဆောင်းသိမ်းဆည်းထားပြီး အထောက်အထားများ စစ်မှန်ကြောင်းအတည်ပြုရန်နှင့် ပုံစံဖျက်ခြင်းမှ ကာကွယ်ရန် hashing ဖြင့် ထိန်းသိမ်းထားသည်။

ပုံရိပ်များကို စီစစ်ခြင်း

Myanmar Witness သည် ကျွန်ုပ်တို့ လွတ်လပ်စွာသီးခြားစိစစ်ပြီးစီးသည့် အနေအထားတစ်ခုကို ဖော်ပြနိုင်ရန် အဆင့်လေးဆင့် အမျိုးအစားခွဲခြားနည်း နည်းစနစ်ကို ကျင့်သုံးပါသည်။ အဆိုပါ အဆင့်လေးဆင့်မှာ

အပြည့်အစုံစိစစ်ခြင်း။ ။ Myanmar Witness မှ အထောက်အထားများ ဓာတ်ပုံများ/ဗီဒီယိုဖိုင်းများ ကို တည်နေရာတိုက်ဆိုင် စိစစ်အတည်ပြုခြင်း၊ အချိန်တိုက်ဆိုင်စိစစ်အတည်ပြုခြင်းများကို ပြုလုပ်ပါသည်။

စိစစ်ခြင်း။ ။ Myanmar Witness မှ အထောက်အထားဓာတ်ပုံများ/ဗီဒီယိုဖိုင်များကို တည်နေရာတိုင်ဆိုင်စစ်ဆေးပါသည်။ သက်သေရှာဖွေရန်ခက်ခဲ့သည့် အထောက်အထားများကို ၎င်းတို့ ရိုက်ကူးသည့်အချိန်နှင့် ရက်စွဲအပေါ် မူတည်ပြီး အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် ရိုက်ကူးခဲ့ကြောင်း အကြံပြုရန် အခြားသတင်းရင်းမြစ်များနှင့် တိုင်ဆိုင်စိစစ်ပါသည်။ သို့သော် Myanmar Witness အနေဖြင့် သီးခြာ အချိန်မှန်ကန်ကြောင်း အထောက်အထားများမထုတ်ပြန်ထားပါ။

စုံစမ်းဖော်ထုတ်ဆဲ စိစစ်မှု မပြီးစီးခြင်း။ ။ Myanmar Witness သည် လက်တလောတွင် သီးခြား တည်နေရားသက်သေပြခြင်း သို့မဟုတ် အချိန်သက်သေပြခြင်းများ မပြုလုပ်ပါ။

မှန်ကန်ခြင်း။ ။ တည်နေရာနှင့် အချိန် တိုက်ဆိုင်စိစစ်မှုများ၏ လုပ်ငန်းစဉ်သည် မမှန်ကန်သော ဗီဒီယို/ဓာတ်ပုံရိုက်ကူးမှု၏ တည်နေရာ သို့မဟုတ် အချိန်ကို ဖော်ပြပါသည်။

သံသယဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်စေရန်အတွက် ယခုအသုံးပြုသည့် စိစစ်ရေးနည်းစနစ်သည် Myanmar Witness မှ လွတ်လပ်စွာသီးခြားစုံစမ်းဖော်ထားသည့် တည်နေရာတိုက်ဆိုင် စစ်ဆေးခြင်း (geolocate) သို့မဟုတ် အချိန်တိုက်ဆိုင်စစ်ဆေးခြင်း (chronolocate) တို့ အတည်ပြုပြီးဖြစ်သည့် ရုပ်သံဖိုင်၊ ဓာတ်ပုံဖိုင်များကိုသာ ရည်ညွှန်းပါသည်။ အတည်မပြုရသေးသည့် ဖြစ်ရပ်များကိုမှု မှတ်သားထားပြီး များစွာသောကျန်ရှိနေသေးသည့် Myanmar Witness ၏ အစီရင်ခံစာများထဲတွင် သက်သေပြနိုင်ပါသေးသည်။ ဤအစီရင်ခံစာတွင် ယခုကိစ္စရပ်နှင့်ပတ်သက်ပြီး ထောက်ပြနိုင်ရန်အတွက် သက်သေအရင်းအမြစ်များကို အပြန်အလှန်ကိုးကားထားပါသည်။

တည်နေရာတိုက်ဆိုင်စစ်ဆေးခြင်း (geolocate) သည် Google Earth ကဲ့သို့သော အွန်လိုင်းကရိယာများဖြစ်သည့် မည်သူမဆို အခမဲ့ရယူနိုင်သည့်အ ရင်းအမြစ်များကို အသုံးပြု၍ ဂြိုဟ်တုပုံရိပ်များနှင့် သက်သေဓာတ်ပုံများမှ မြင်သာသောပုံရိပ်များနှင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သည်။ ပုံများနှင့်ကိုက်ညီရန် မြင့်မားသောအထောက်အထားလိုအပ်ပြီး ပထဝီဝင်တည်နေရာအားလုံးကို အပြန်အလှန်စစ်ဆေးပြီး အပြန်အလှန်သုံးသပ်ခြင်းကို အသုံးပြုပါသည်။

အချိန်တိုက်ဆိုင်စစ်ဆေးခြင်း (chronolocate)သည် ပုံမှန်အားဖြင့် ဖြစ်နိုင်ချေအရှိဆုံး အချိန်ကာလ ကိုရရှိရန်အတွက် ခက်ခဲသော ကန့်သတ်ချက်များကိုဆုံးဖြတ်ရန် UGC အချိန်ခွဲခြမ်းစိတ်ဖြာခြင်းကို ပြုလုပ်ပါသည်။ ယင်းကို ဆက်စပ်သုံးသပ်ချက်ပြုလုပ်ခြင်း ဖြစ်ကာ ဥပမာအားဖြင့် အဖြစ်အပျက်များ၊ မြင်သာသော နာရီများ၊ ရာသီဥတုနှင့် အရိပ်များ စသကဲ့သို့ သိသာထင်ရှားသည့် ပြသချက်များဖြင့် စစ်ဆေးနိုင်ပါသည်။ အရိပ်အနေအထားကို တည်နေရာတိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ပြီးမှသာ ဆုံးဖြတ်ပြီး နေ၏ အနေအထားနှင့် အချိန်ကို ဆုံးဖြတ်ရန် အရိပ်အနေအထား၏ ဦးတည်ချက်ကို အသုံးပြုခြင်းဖြစ်ပါသည်။

မီးလောင်မှုများကို စိစစ်ခြင်း

Myanmar Witness သည် မီးလောင်ကျွမ်းမှုကို စစ်ဆေးရန် နောက်ထပ်အရင်းအမြစ်များဖြစ်သည့် NASA ၏ Fire Information for Resource Management System (FIRMS) နှင့် Sentinel Hub စသည့် အရင်းအမြစ်များကို အသုံးပြုပါသည်။ NASA FIRMS သည် ကမ္ဘာမြေမျက်နှာပြင်ပေါ်ရှိ မီးလောင်မှုများအတွက် အချိန်နှင့်တစ်ပြေးညီ အပူပေးသင်္ကေတများရရှိရန် ဂြိုဟ်တုများပေါ်တွင် VIIRS နှင့် MODIS အာရုံခံကိရိယာများကို အသုံးပြုထားသည့် အခမဲ့အသုံးပြုနိုင်သည့် အရင်းမြစ် တစ်ခု ဖြစ်ပါသည်။ FIRMS သည် တိကျသည့် တိုင်းတာနိုင်မှုစွမ်းအား မြင့်မားသော်လည်း အာရုံခံကိရိယာများမှရှာဖွေတွေ့ရှိနိုင်သည့် ဆိုးရွားသော ရာသီဥတု ဖြစ်ရပ်များ သို့မဟုတ် အာရုံခံကိရိယာများမှ ထောက်လှမ်းရန် အချိန်တိုလွန်းသည့် မီးလောင်မှုများ ကဲ့သို့သော ကန့်သတ်ချက်များကြောင့် မီးလောင်မှုဖြစ်ရပ်တိုင်းကို မဖမ်းမိပေ။ FIRMS မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသည်ဟု ဆိုသော နေ့ရက်တွင် မီးလောင်မှုဖြစ်ပွားကြောင်းကို အတည်မပြုနိုင်သည့်အခါ Myanmar Witness သည် အဆိုပါမီးလောင်သည်ဟုဆိုသည့် ရက်များအတွင်း မြေပြင်အပျက်အစီး သို့မဟုတ် ပြောင်းလဲမှုများကို ခြေရာခံရန် Sentinel Hub ကို အသုံးပြုသည်။ ၎င်းသည် မတူညီတဲ့ filter များနှင့် သိပ်မကြည်လင်သော ဂြိုလ်တုဓာတ်ပုံများကို ပေးခြင်းဖြင့် မီးလောင်မှုဖြစ်ပွားနိုင်သည့်အချိန် သို့မဟုတ် မီးလောင်မှုတည်နေရာကို‌ အကြမ်းဖျဥ◌်းသတ်မှတ်ထားသည့် နေရာတစ်ခုကို ရရှိရန် စေသည်။ Sentinel Hub သည် မီးလောင်မှုဖြစ်ကြောင်း သက်သေပြရန် သိပ်မကြည်လင်သော ဂြိုလ်တုပုံများကို အပြန်အလှန်စစ်ဆေးခြင်းအား အပါအဝင် အခြားစိစစ်အတည်ပြုခြင်း ဆိုင်ရာ ရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင်သည်။

မီးလောင်မှုဖြစ်ပွားခြင်း ဆိုင်ရာ အတည်ပြုခြင်းအား အောက်ပါအတိုင်း အဆင့်သတ်မှတ်ထားပါသည်။

ကန့်သတ်ချက်များ

Myanmar Witness မှ ရရှိသော အချက်အလက်များသည် ပဋိပက္ခဖြစ်ပွား‌ နေသည့် ဒေသများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်တာနက်ပေါ်တွင် တင်လိုက်သည့်အတွက် တွေ့ကြုံလာနိုင်မည့် ရိုက်ခတ်မှုများကို ကြောက်ရွံ့ခြင်း၊ တရားဝင် ရင်းမြစ်များမှ အတင်းအချက်အလက် မရရှိနိုင်ခြင်း နှင့် အင်တာနက်ကို သုံးစွဲခွင့်မရှိခြင်းကြောင့် ရရှိနိုင်သော အထောက်အထားများ ရွေးချယ်ရေးဘက်လိုက်မှုကိုလည်း ဖြစ်စေနိုင်ခြင်း စသည်တို့ကြောင့် သက်သေအ ထောက်အထားများ ရရှိနိုင်မှုကို အဟန့်အတား ဖြစ်စေပါသည်။ Myanmar Witness သည် တစိုက်မတ်မတ် ဘာသာစကားမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေခြင်းနည်းလမ်းကို အသုံးပြုကာ၊ ဆိုရှယ်မီဒီယာ၊ စစ်ကောင်စီ ထောက်ခံသူများ နှင့် သတင်းမီဒီယာများကဲ့သို့ အရင်းအမြစ်များစွာမှ မီဒီယာများကို ခွဲခြားသတ်မှတ်ခြင်းဖြင့် ဖြစ်နိုင်ချေရှိသော ဘက်လိုက်မှုများကို တတ်နိုင်သမျှ ဖယ်ရှားပါသည်။

မီးလောင်မှုနှင့် ပိုင်ဆိုင်မှု ပစ္စည်းများပျက်စီးဆုံးရှုံးခြင်း

၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် မေလအထိ မီးလောင်မှုများ

Myanmar Witness သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင် မကွေးတိုင်းဒေသကြီး ယောနယ်မြေ များတွင် နေအိမ်များနှင့် ရပ်ရွာများ လုပ်ကြံမီးရှို့ခံရမှု ဖြစ်ရပ်နှင့်ပတ်သက်သည့် သတင်းပေါင်း ၂၀၅ ခုနှစ်ထဲမှ ၁၇၂ ဖြစ်ရပ်ကို စိစစ်ရန် သို့မဟုတ် တစ်စိတ်တစ်ပိုင်း စိစစ်နိုင်ခဲ့ပါသည်။ အောက်ဖော်ပြပါ ပုံ ၄-၆ တွင်ပြထားသည့်အတိုင်း Myanmar Witness သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ မှ နိုဝင်ဘာလ၏ အစောပိုင်းကာလ ချင်းပြည်နယ်တစ်ဝှိုက် မီးလောင်မှုများကို မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုပါ မီးလောင်မှုများသည် ၎င်းနယ်မြေအတွင်း ထိုးစစ်ဆင်မှုများရှိခဲ့သည်ဟုဆိုသည့် ဖြစ်ရပ်များနှင့် ဆက်စပ်နေပါသည်။

နိုဝင်ဘာလ နောက်ပိုင်းတွင် မီးလောင်မှုများက စစ်ကိုင်းတိုင်းဒေသကြီး ဒေသတစ်ဝှိုက်တွင် ပိုများလာပြီး ချင်းပြည်နယ်တွင် ဖြစ်ပွားနေသော အပြင်းထန်ဆုံး ပဋိပက္ခများသည် စစ်ကိုင်းနှင့် မကွေးတိုင်း မြောက်ပိုင်းဒေသဖြစ်သည့် ယောနယ်တစ်ဝှိုက်သို့ ပြောင်းရွှေ့လာသည်ကို တွေ့ရသည်။ ယောနယ်ကို နှစ်ပိုင်းခွဲခြားနိုင်ကာ ဂန့်ဂေါခရိုင်အလယ်ပိုင်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်း မြစ်ထွက်ပေါက်ပိုင်းဒေသကို ယောနယ်မြောက်ဖက်အခြမ်းဟု သတ်မှတ်နိုင်ပြီး တံခါးပေါက်သဖွယ်ဖြစ်သည့် ပေါက်မြို့နှင့် စော၊ ကျောက်ထုနှင့်ထီးလင်းမြို့နယ်များရှိသည့် အခြမ်းကို ယောနယ် တောင်ဖက်ခြမ်းဟု သတ်မှတ်နိုင်ပါသည်။

ပုံ 4- စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ 2021 ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒေသသုံးခုတွင် စစ်ဆေးပြီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း စိစစ်ထားသော မီးလောင်မှုဖြစ်သည်။ ဤမြေပုံကို QGIS မှတစ်ဆင့် Myanmar Witness မှ ဖန်တီးထားပါသည်။

ပုံ 5- 2021 ခုနှစ် ဒီဇင်ဘာလ၊ ဇန်နဝါရီ နှင့် 2022 ခုနှစ် ဖေဖော်ဝါရီလများအတွင်း ဖြစ်ပွားခဲ့သော ဒေသသုံးခုတွင် စစ်ဆေးထားသော သို့မဟုတ် တစ်စိတ်တစ်ပိုင်း မီးလောင်မှုဖြစ်ကြောင်း အတည်ပြုထားသည်။ ဤမြေပုံကို QGIS မှတစ်ဆင့် Myanmar Witness မှ ဖန်တီးထားပါသည်။

ပုံ 6- မတ်လ၊ ဧပြီလ နှင့် မေလ 2022 ခုနှစ်တစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သော ဒေသသုံးခုရှိ မီးလောင်မှုများအား စစ်ဆေးပြီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း စိစစ်ပြီးဖြစ်သည်။ ဤမြေပုံကို QGIS မှတစ်ဆင့် Myanmar Witness မှ ဖန်တီးထားပါသည်။

စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အဆိုပါဒေသများတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သော်လည်း နေအိမ်များ မီးလောင်မှုမှာ PDF တပ်ဖွဲ့ဝင်များကြောင့် ဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့ကြောင်း RFA သတင်းဌာန၏ ဖော်ပြခဲ့သည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် မီဒီယာများ၏ ဖော်ပြချက်အရ မီးလောင်မှု အများစုမှာ စစ်တပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ဟုဆိုသည်။

Myanmar Witness သည် စစ်တပ်က ရပ်ရွာများကို မီးရှို့သည်ဟုဆိုသည့် အဓိကဆက်စပ်နေ သည့် လမ်းကြောင်းသုံးခုကို မှတ်တမ်းတင်ထားပါသည်။ အစီရင်ခံစာတွင် ဖော်ပြသွားမည့် ပထမအချက်မှာ စစ်ယာဉ်တန်းများ သည် စစ်တပ်စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျေးရွာများကို ဖြတ်သန်းသွားလာ ခဲ့ကြပြီး တစ်ခါတစ်ရံတွင် ရပ်ရွာများရှိ နေအိမ်များကို ၎င်းတို့အတွက် နေရာထိုင်ခင်းအဖြစ် အသုံးပြုကြပြီး အဆောက်အအုံများကို မီးရှို့ ထားရစ်ခဲ့ကြသည်။ ဒုတိယအချက်အနေဖြင့် အထောက်အထားများအရ စစ်တပ်သည် ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ၎င်းတို့၏ ပေါင်းစည်းမှုကြောင့် လူသိများသော အသိုင်းအဝိုင်းများသို့ တမင်ဝင်ရောက်ခြင်း သို့မဟုတ် PDF လှုပ်ရှားမှုရှိရာ နေရာများတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ရပ်တည်ချက်အတွက် လက်စားချေသည့်အနေဖြင့် နေအိမ်များကို မီးရှို့ခြင်း ဖြစ်သည်။ တတိယအချက်အနေဖြင့် မကြာသေးမီလများအတွင်း ယခုဖြစ်ရပ်သည် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသ ကြီးများတွင် လက်တုံ့ပြန်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပုံရပြီး လူမှုအသိုင်းအဝိုင်းများအပေါ် လက်တုံ့ပြန်တိုက်ခိုက်သည့် သတင်းများထွက်ပေါ်ကာ စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်ခံသော ပြည်သူ့စစ်များနှင့် ဆက်စပ်နေသည်ဟု ယူဆရသည်။ စစ်ကောင်စီ ထောက်ခံသော ပြည်သူ့စစ်လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး Myanmar Witness ၏ နောက်ထပ်ထုတ်ပြန်မည့် အစီရင်ခံစာများတွင် အသေးစိတ်လေ့လာနိုင်ပါမည်။

စစ်ကြောင်းယာဉ်တန်းဖြတ်သန်းမှုများနှင့် ဆက်စပ်နေသည့် နေအိမ်ဖျက်စီးခံရမှုများ

သက်သေအထောက်အထားရရှိမှု အကန့်အသတ်များကြားထဲမှ Myanmar Witness သည် ပြောကြားချက်အများအပြားကို မှတ်တမ်းတင်ထားပြီး တိုက်ခိုက်ခံခဲ့ရသော ရပ်ရွာများအတွင်း သို့မဟုတ် အနီးနားတွင် စစ်တော်ယာဉ်တန်းများ ရှိနေခြင်းကိုလည်း အခါအားလျော်စွာ အတည်ပြုနိုင်ခဲ့ပါသည်။ ဥပမာအနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ချင်းပြည်နယ် ဒေါ့ထက်ကျေးရွာတွင် အဆောက်အဦများ မီးလောင်ကျွမ်းနေစဉ် ကျေးရွာအတွင်း ဖြတ်သန်းသွားလာနေသည့် စစ်တယာဉ်တန်းများ၏ ဓာတ်ပုံကို စိစစ်အတည်ပြုနိုင်ခဲ့ပါသည်။ (ပုံ ၇ ကိုကြည့်ရန်)။ အပြန်အလှန်အသေးစိတ်စိစစ်မှုများ အရ မီးလောင်ပြဒေတာ FIRM တွင်လည်း အဆိုပါ ရက်စွဲတွင် မီးလောင်သည်ဟုလည်း ပြသထားပါသည်။ အဆိုပါ ဖြစ်ရပ်ကဲ့သို့သော ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ၌ဖြစ်သည့် ပိုမိုနက်ရှိုင်းသည့် ဖြစ်ရပ်မျိုးကို Myanmar Witness က စိစစ်အတည်ပြုပြီးဖြစ်ပါသည်။

ပုံ 7- ဖလမ်းမြို့နယ် (ဖလမ်းမြို့နယ်)၊ ချင်းပြည်နယ် (ချင်းပြည်နယ်) တွင် 22.804994 ၊ 93.565967 တွင် မီးလောင်နေသည့် ဒေါထက်ကျေးရွာကို ဖြတ်သန်းသွားလာနေသည့် တပ်မတော်ယာဉ်တန်းကြီး၏ အတည်ပြုထားသော။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် မကွေး-စစ်ကိုင်း-ချင်းတို့၌ ဖြတ်သန်းခဲ့သော စစ်ကြောင်း (တစ်စိတ်တစ်ပိုင်း စိစစ်အတည်ပြုပြီး)

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ချင်းပြည်နယ်သို့ မကွေးနှင့် စစ်ကိုင်းမြို့မှ စစ်ယာဉ်တန်းများ ဖြတ်သန်းခဲ့သော လမ်းကြောင်းကို Myanmar Witness က ခြေရာခံခဲ့ပြီး ၎င်းတို့ထွက်သွားပြီးနောက်တွင် မီးလောင်မှုနှင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်ဟု သတင်းများအရ သိရသည်။ ဤစစ်ရေးလှုပ်ရှားမှုသည် အနော်ရထာစစ်ဆင်ရေးနှင့် ကိုက်ညီနေပါသည်။ ဤဖြစ်ရပ်လေ့လာမှုသည် အပြန်အလှန်ကိုးကားထားသော ပြည်တွင်းမီဒီယာအစီရင်ခံစာများ၊ စစ်ရေးလှုပ်ရှားမှုများနှင့် စပ်လျဉ်းသည့် ဆိုရှယ်မီဒီယာပေါ်တွင် တောင်းဆိုမှုများနှင့် ရရှိနိုင်သည့်နေရာများတွင် အတည်ပြုနိုင်သော အကြောင်းအရာများ ပေါင်းစပ်မှုအပေါ် အခြေခံထားသည်။ ပုံ ၈ သည် ဤဖြစ်ရပ်များ၏ မြေပုံဖြစ်ပြီး Annex 1 တွင် ရရှိထားသော အသေးစိတ်အချိန်ဇယားနှင့်အတူ ပါရှိပါသည်။

ပုံ 8- 2021 ခုနှစ် အောက်တိုဘာလတစ်လျှောက်လုံးတွင် ပထဝီဝင်နေရာချထားသော ပျက်စီးမှုနှင့် မီးလောင်ကျွမ်းမှုဆိုင်ရာ အဖြစ်အပျက်များနှင့်အတူ ဆိုရှယ်မီဒီယာမှတစ်ဆင့် စုဆောင်းရရှိထားသော အရေးဆိုမှုများကို မြေပုံဆွဲထားသည်။ အဝါရောင်မျဉ်းများသည် လမ်းများကို ကိုယ်စားပြုပြီး အတည်ပြုချက်များကို ‘CLAIM’ ဖြင့် မီးမောင်းထိုးပြထားပြီး ‘CLAIM’ မပါဘဲ ပူးတွဲပါနေရာဒေသအလိုက် လုပ်ဆောင်နိုင်သော ပုံပါရှိသော အတည်ပြုချက်များကို ထည့်သွင်းထားပါသည်။ ပင်များ၏အရောင်များသည် မတူညီသောနေ့ရက်များကိုကိုယ်စားပြုပြီး မီးသင်္ကေတသည် ထိုဒေသရှိပျက်စီးခြင်းကိုကိုယ်စားပြုသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ ၁၀ ရက်နေ့အတွင်းမှာလည်း ဂန့်ဂေါ-ကလေး ကားလမ်းမကြီးတစ်လျှောက် စစ်တပ်ကို နေရာချထားကြောင်း လူမှုကွန်ယက်ဖော်ပြမှုများ အများအပြားရှိနေပါသည်။ စိုင်းဒူကျေးရွာတွင် ဖမ်းဆီးခံရသည့် ရွာသားများသည် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြသည့်အပြင် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ပြောကြားမှုများလည်း ရှိခဲ့သည်။ Myanmar Witness သည် အထောက်အထား ဗီဒီယိုများ (သို့) ပုံများ မရရှိခြင်းကြောင့် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်သည့်ပြောကြားချက်ကို သက်သေပြနိုင်ခြင်းမရှိသေးပေ။ အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက်အထိ တီးတိန်နှင့် ကလေးမြို့မှ ဖလမ်းနှင့် ဟားခါးမြို့များသို့ တပ်မတော်ဘက်မှ လှုပ်ရှားသွားလာမှု အများအပြား ဖြစ်ပွားခဲ့ပြီး ယင်းယာဉ်တန်းနှင့် ပတ်သက်သည့် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

တီးတိန်နှင့် ဖလမ်းကြား ကားလမ်းပေါ်ရှိ လုံဘန်းကျေးရွာ [23.001250, 93.700542] သို့ ထရပ်ကား ၅၅ စီးဖြင့် စစ်ရောက်ရှိလာခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Right Organization) မှ အောက်တိုဘာ ၁၁ ရက် ၂၀၂၁ တွင် သတင်းထုတ်ပြန်ခဲ့သည်။ Myanmar Witness သည် အဆိုပါ ယာဉ်တန်းလှုပ်ရှားမှုနှင့် ဆက်စပ်နေသည်ဟု ယူဆရသည့် ထရပ်ကား၏ဓာတ်ပုံများကို တည်နေရာတိုက်ဆိုင်စိစစ် အတည်ပြုထားပါသည်(ပုံ ၉)။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကား ၂၁ စီးခန့်နဲ့ တင့်ကား ၁ စီးတို့ပါဝင်တဲ့ ယာဉ်တန်း ၅၀ ဟာ လုံဘန်းရွာ ကနေ ထွက်လာပြီး နေ့လည် ၂ နာရီ ၅၀ မိနစ်ခန့်တွင် ကလေးမြို့မှ ဖလမ်းမြို့သို့ ရောက်ခဲ့ပါသည်။

ပုံ 9- လုံဘန်းကျေးရွာ (လုံဘန်း) သို့ မရောက်ရှိမီ 23.001250၊ 93.700542 တွင် တွေ့ရသော ယာဉ်။

ဖလမ်း-ဟားခါးကားလမ်းပေါ်ရှိ တာရ်ရွာ နှင့် တလန်ရောန် ရွာတို့တွင် နေအိမ် ၁၂ လုံး မီးလောင်ခဲ့ပြီး တာရ်ရွာတွင် နေအိမ် ၁၂ လုံးနှင့် တလန်ရောန်ရွာတွင် နေအိမ် ၃ လုံး မီးလောင်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် the Chinland Post က ဖော်ပြခဲ့သည် [တလန်ရောန်ရွာ – 22.85872078, 93.59303284]။ Chin Human Rights Organization က မှတ်တမ်းယူထားသည့ ဗီဒီယိုဖိုင်တွင် တလန်ရောန်ရွာတွင် [22.864881, 93.596241] မီးလောင်နေသည်ကိုမြင်တွေ့ရပြီး တချိန်တည်းမှာပဲ စစ်ယာဉ်တန်းများက ရွာတွင် ရပ်ထားနေသည်ကို ရွာကတဆင့်လှမ်းမြင်နေရပါသည် (ပုံ ၁၀)။ ဤမီးလောင်ခြင်းကို ယာဉ်တန်းများကြောင်းဟု မယူဆသော်လည်း ဤယာဉ်တန်းအရွယ်အစားသည် အထက်ဖော်ပြပါ အခိုင်အမာပြောဆိုမှုများနှင့် ကိုက်ညီပြီး ဧရိယာတစ်ဝိုက်တွင် ရွေ့လျားနေသည်ဟု မြင်တွေ့နိုင်ပါသည်။ ယခုမီးလောင်မှုကို ဒေသစံတော်ချိန် ၁၁ နာရီ ၀၇မိနစ်တွင် ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်ဟု ပုံတွင်မြင်တွေ့ရသည့် အရိပ်များကတဆင့ ခန့်မှန်းနိုင်ပါသည်။ Zotung Tube Times မီဒီယာတွင် အောက်တိုဘာ ၁၄ ရက်က တလန်ေရာန်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ကို ဖော်ပြခဲ့သည်။ ထိုအချိန်က ချင်းပြည်နယ် ဒေသများတွင် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ပုံ 10- မီးလောင်ကျွမ်းနေစဉ် ဤဗီဒီယိုဖိုင်တွင် ကြီးမားသောယာဉ်တန်းကို မြင်တွေ့နိုင်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ဖလမ်း-ဟားခါး နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ Myanmar Witness သည် အဆိုပါကာလအတွင်း ရမ်ထလို၊ တာရ် နှင့် တလန်ရောန် ရွာတို့တွင် အရပ်သားတို့၏ အခြေခံအဆောက်အအုံများ၊ နေအိမ်များကို ခိုးယူဖျက်စီးခြင်း နှင့် တိုက်ခိုက်ခြင်းများနှင့် ပတ်သက်သည့် အစီရင်ခံစာများကို တစ်စိတ်တစ်ပိုင်းစီစစ်ပြီးဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် The Ladies News တွင် စစ်တပ်သည် ဖလမ်းမြို့နယ် တာရ် နှင့် တလန်ရောန် ရွာကြားတွင် ပိတ်မိနေခဲ့သည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အနီးရွာဖြစ်သော ရမ်ထလိုရွာတွင် အိမ်ခြေ ၁၀၀ ခန့် ခိုးယူဖျက်စီး သည်ဟု The Chin Journal ၏ ဖော်ပြချက်အရ သိရသည် (ပုံ ၁၁) ။ ရက်စွဲကို အတည်မပြုနိုင်သေးသော်လည်း အဆိုပါသတင်းဌာနများ၏ ဖော်ပြချက်တွင်ပါဝင်သည့် ပုံများကို ယခင်က အွန်လိုင်းတွင် မတင်ခဲ့သော်လည်း ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရမ်ထလိုရွာ၏ ပထဝီတည်နေရာကိုမှု အတည်ပြုနိုင်ခဲ့သည် [22.826003, 93.561918]။

ပုံ ၁၁ – ရမ်ထလို၊ ဖလမ်း (ဖလမ်း) ဖြတ်သန်းသွားစဉ် စစ်တပ်မှလုယက်ခြင်းပြုလုပ်မှု ခံခဲ့ရသည်ဟု ‌ေဆိုကြသည်။ဆိုကြသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ 20 ရက်နေ့တွင် စစ်တပ်က ဖလမ်းမြို့ တာရ်ကျေးရွာတွင် နေအိမ်တစ်လုံးအား တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည် [22.865650, 93.564553]။ ဤအဖြစ်အပျက်နှင့်ဆက်စပ်၍ အွန်လိုင်းတွင် တင်ထားသောပုံများအရ ရွာကို တည်နေရာတိုက်ဆိုင် စစ်ဆေးနိုင်ပြီး အဆောက်အအုံတစ်ခု ပျက်စီးနေသည်ကို ဖော်ပြနေပါသည် (ပုံ ၁၂)။ သို့သော်လည်း မြေပြင်ပြောင်းလဲမှု သို့မဟုတ် FIRMS ဒေတာကို အတည်ပြုရန် ပုံရိပ်ပြတ်သားမှုနည်းသော ဂြိုလ်တုပုံရိပ်များ မရှိခြင်းကြောင့် အဆိုပါနေ့တွင် ဖြစ်ပွားခဲ့ကြောင်း အတည်မပြုနိုင်ပါ။

ပုံ 12- တာရ် (တာရ်)၊ ဖလမ်း (ဖလမ်း)၊ ချင်းပြည်နယ် (ချင်းပြည်နယ်) တွင် ဖျက်ဆီးခံရသောအဆောက်အဦး။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးသို့ စစ်ယာဉ်တန်း ရောက်ရှိလာကြောင်း အများအပြားပြောဆိုမှုရှိခဲ့သည်။ Myanmar Witness သည် The Hakha Times ကဖော်ပြခဲ့သည့် ဟားခါးသို့သွားနေသည့် ယာဉ်တန်းများကိုရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ကို စိစစ်အတည်ပြုထားပါသည် (ပုံ ၁၃) [22.692419, 93.582061]။ ပုံထဲတွင်မြင်တွေ့ရသည့် အရိပ်ကျနေသော အခြေအနေလက္ခဏာတွေ အရ အဆိုပါ ဗီဒီယိုကို အချိန် ညနေ ၃ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ရိုက်ကူးခဲ့ပေမယ့် ရက်အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပုံ 13- ဟားခါး (ဟားခါးမြို့) သို့ ရောက်ရှိလာသည့် ယာဉ်တန်းကို Google Earth ဂြိုလ်တုဓာတ်ပုံများနှင့် နှိုင်းယှဉ်ဖော်ပြသည်။

အခြားပုံများတွင် ဟားခါးမြို့၌ [22.685373, 93.585917] ယာဉ်တန်းများကို တွေ့ရပြီး ဟားခါးမြင်ပြင်တွင် [22.689343, 93.585854] (ပုံ ၁၄) စစ်သားများပေါ်လာသည်ကို လည်းတွေ့ရပြီး အဆိုပါနေ့မတိုင်ခင်ညက ဒေါထက် [22.804600, 93.566200] နှင့် ချွန်ကျုံး [22.685373,93.585917] တို့တွင် တိုက်ပွဲများဖြစ်သည်ဆိုသည့် မှတ်ချက်ပေးရေးသားမှုများ ကိုလည်း တွေ့ရသည်။

ပုံ ၁၄- ဟားခါးမြို့ (ဟားခါးမြို့) တွင် အသီးသီး ပုံဖော်ထားသော ယာဉ်တန်းနှင့် စစ်သည်များ။

အောက်တိုဘာ ၂၂ ရက်နေ့တွင် ဆိုရှယ်မီဒီယာတွင် တင်ခဲ့သော ပျက်စီးသွားသော အဆောက်အဦများနှင့်အတူ တလန်ရောန် ကျေးရွာကို လူများပါသော ကုန်ကားတစ်စီး ဖြတ်သွားသည့် ပုံကို Myanmar Witness က တည်နေရာတိုက်ဆိုင်စစ်ဆေးခဲ့ပါသည် (ပုံ ၁၅) [22.865844, 93.596842]။ ဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့ ပြောကြားချက်အရ စစ်တပ်က ရွာမှာရှိတဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့ပြီး ပြည်သူတွေ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါသည်။

ပုံ 15- ထရပ်ကားတစ်စီးမှ လူများသည် တလန်ရောန်ရွာ (တလန်ရောန်)မှ ထွက်ခွာသွားပုံရသည်။

ဟားခါးမြို့မှ စစ်သားများ တင်ဆောင်လာသည့် ကားအစီးရေ ၅၀ ကျော်သည် ဟားခါးမြို့မှ ဖလမ်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ဟားခါးတိုင်းမ်နေ့စဉ် သတင်းစာက ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ဖော်ပြထားသည်။ Myanmar Witness သည် အဆိုပါကာလ မှာပင် ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည့် ဟားခါးမြို့တွင် (ပုံ ၁၆) [22.686789, 93.586529] အနည်းဆုံး မော်တော်ယာဉ် ၁၄ စီးခန့် ရှိနေသည့် ပုံတစ်ပုံကို တည်နေရာတိုက်ဆိုင်စစ်ဆေး အတည်ပြုခဲ့သော်လည်း ရက်စွဲကိုတော့ အတည်မပြုနိုင်သေးပေ။

ပုံ 16- ဟားခါး (ဟားခါးမြို့) တွင် မြေပြင်ပေါ်တွင် တပ်မတော်သုံးယာဉ်များနှင့် လူတစ်ဦးချင်းစီ၏ ယာဉ်တန်း။ ပုံအား Myanmar Witness မှ ဖြတ်တောက်ထားပါသည်။

The Chin Journal ၏ ဖော်ပြချက်အရ ဟားခါးမှ ထွက်ခွာလာသော ယာဉ်တန်းသည် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရမ်ထလိုတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ညက ဖြတ်သန်းသွားခဲ့ကြောင်း ဆိုသည်။ Chindwin News Agency က လမ်းတလျှောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီ စစ်သားတွေ သေဆုံးခဲ့ပါတယ်လို့ ရေးသားခဲ့ပါသည်။ Zalen News မှ တွေ့ဆုံမေးမြန်းခဲ့သည့် ဒေသခံရွာသားများ၏ အဆိုအရ စစ်တပ်သည် ဝက်တစ်ကောင်ကို သတ်ဖြတ်ကာ နေအိမ်တစ်လုံးကို မီးရှို့ကာ ရွာရှိနေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရမ်ထလိုမြို့တွင် ဓာတ်ပုံရိုက်ခဲ့သော ခဲယမ်းများမှာ 24-MG2 လက်ပစ်ဗုံးများဖြစ်ကြောင်းကိုလည်း Myanmar Witness က အတည်ပြုနိုင်ခဲ့သည် (ပုံ ၁၇)။ နေအိမ်ပျက်စီးသွားသည်ဟုဆိုသော နေရာသည် ရမ်ထလို ဖြစ်ကြောင်း တည်နေရာတိုက်ဆိုင်စစ်ဆေးနိုင်ခဲ့ပါသည် [22.826219, 93.561639] (ပုံ ၁၈၊ အထောက်အထားအပြည့်အစုံကို တောင်းဆိုနိုင်ပါသည်)

ပုံ 17- ရမ်ထလို တွင် စစ်တပ်က 24-MG2 လက်ပစ်ဗုံးများ အသုံးပြုခဲ့ကြောင်း အခိုင်အမာဆိုထားသောပုံနှင့် ဆက်စပ်သောပုံ။

18- ဤကျေးရွာ 22.826219, 93.561639 ပျက်စီးနေသော အဆောက်အဦးကို နေရာသတ်မှတ်အတည်ပြုရာတွင်အသုံးပြုသော (ရမ်ထလို)၏အခြားဗီဒီယိုတစ်ခုမှပုံ။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေအိမ်များ မီးလောင်နေသည့် ဗီဒီယိုဖိုင်သည် တလန်ရောန် [22.865844, 93.596842] တွင် မီးလောင်ခဲ့ကြောင်း Myanmar Witness က တည်နေရာတိုက်ဆိုင် စစ်ဆေးအတည်ပြုထားပါသည်။ The Chin Journal က ဖော်ပြခဲ့သော တခြားပုံများတွင် ဖျက်ဆီးခံရသော အဆောက်အဦများ၏ တည်နေရာသည် တာရ် [22.865753, 93.563661] တွင်ဖြစ်ကြောင်း တည်နေရာတိုက်ဆိုင်စစ်ဆေးရရှိခဲ့ပါသည် (ပုံ ၁၉)။ သတင်းတင်ဆက်မှုများအရ နေအိမ်ပျက်စီးမှုများသည် မနက် ၇ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၁ လုံး ကိုမှု စစ်ကောင်စီက တစ်ညစခန်းချခဲ့ပြီးနောက် မီးရှို့ခဲ့ခြင်း ဖြစ်သည်။ ယာဉ်တန်းတွင် စစ်ကောင်စီ ထရပ်ကား အစီးရေ ၅၀ နှင့် SAC စစ်သား ၂၀၀ ခန့် ပါ၀င်ကြောင်း သိရသည်။ Khit Thit Media က တာရ်ရွာတွင် ကျေးရွာတစ်ရွာလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်သည့် စာသားများကို အဆောက်အဦးများပေါ်တွင် ရေးသားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ Myanmar Witness သည် FIRMS နှင့် Sentinel တို့မှ အဆိုပါဖြစ်ရပ်နှင့် သက်ဆိုင်သော အချက်အလက်မရှိခြင်းကြောင့် ပုံ၏ရက်စွဲကို အတည်မပြုနိုင်ပါ။

ပုံ 19- ချင်းပြည်နယ်၊ တာရ် (တာရ်)၊ ဖလမ်း (ဖလမ်း) တွင် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များ၏ တည်နေရာအနေအထား။

ပုံ 20- ပထဝီတည်နေရာ အတည်ပြုရန်အတွက်အသုံးပြုသော (တာရ်)ရှိ ပျက်စီးသွားသောနေအိမ်များ၏ပုံရှိ တောင်တန်းအကွာအဝေးကို နှိုင်းယှဉ်ခြင်း။

International Chin Humanitarian Info Network ၏ အဆိုအရ ချင်းပြည်နယ် ကလေး-ဖလမ်း ကားလမ်းပေါ်ရှိ Thu Phay ကျေးရွာကို စစ်တပ်က အဆိုပါနေရာတွင် တစ်ညတာ နေခဲ့ပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် စစ်တပ်၏ယာဉ် အစီး ၅၀ သည် ဖလမ်းမြို့မှ ကလေးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ် မတူပီမြို့သို့ တပ်မတော် မော်တော်ယာဉ် အစီးရေ ၈၀ သည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ရောက်ရှိလာကြောင်း လူမှုကွန်ရက် အသုံးပြုသူများထံမှ သိရသည်။ FIRMS မှ ဒေတာအရ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ည ၂ နာရီ ၁၅ မိနစ်အချိန်တွင် မတူပီမြို့အနီး ခွါငန်းရွာ [21.796039, 93.439738] တွင် မီးလောင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါရွာသည် မတူပီမြို့သို့သွားရာလမ်းတွင်တည်ရှိသည် (ပုံ ၂၁)။

ပုံ 21- မတူပီမြို့ (မတူပီမြို့) နှင့် ဆက်စပ်၍ (ခွါငန်း) တည်နေရာနှင့် စစ်ရေးလှုပ်ရှားမှုများ၏ အခြားနေရာများ။

ချင်းပြည်နယ် ဟားခါးမှ ကားလမ်းနှင့် အနောက်ဘက်လမ်းတလျှောက် တာရ်နှင့် တလန်ရောန်ရွာ တို့တွင် ယခင်မီးလောင်မှုများနှင့် နှိုင်းယှဉ်ပါက ထန်တလန်မြို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရပါသည် (ပုံ ၂၂) ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ 29 ရက်နေ့တွင် ထန်တလန်မြို့နယ်ရှိ အဆောက်အဦ ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Myanmar Witness မှ ပွင့်လင်းမြင်သာသော သတင်းအချက်အလက် (open sources) များအရ စစ်ဆေးတွေ့ရှိခဲ့ပါသည်။ (ပုံ ၂၃-၂၅) ထန်တလန်မြို့နယ်အတွင်း မီးလောင်မှုအသေးစိတ်အစီရင်ခံစာကို Myanmar Witness Spot Report ဖြစ်သည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ ချင်းပြည်နယ် ထန်တလန်မီးလောင်မှုတွင် ကြည့်ရှု့နိုင်ပါသည် (အစီရင်ခံစာအား တောင်းဆိုနိုင်ပါသည်)။

ပုံ 22- အခြားဒေသများနှင့် ပတ်သက်သည့် 2021 ခုနှစ် အောက်တိုဘာလတွင် အစီရင်ခံခဲ့သော စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ထန်တလန်၏ တည်နေရာကို သရုပ်ပြရန် မြေပုံဆွဲခြင်း။

ပုံ 23- ထန်တလန်မြို့ (ထန်တလန်မြို့) တွင် 2021 ခုနှစ် အောက်တိုဘာလ 29 ရက်နေ့တွင် ဒရုန်းဖြင့် ရိုက်ကူးထားသော ရုပ်သံဖိုင်တွင် စစ်တပ်က မီးရှို့သည်ဟုပြောဆိုထားသော လူတစ်ဦးချင်းစီကိုရိုက်ကူးထားသောပုံ [22.697950, 93.428231]။

ပုံ 24- FIRMS မှ အပူပြဒေတာသည် 2021 ခုနှစ် အောက်တိုဘာလ 29 ရက်နေ့တွင် ကောက်ယူရရှိထားသော အပူအချက်ပြများစွာကို ညွှန်ပြပြီး ထိုဖတ်ရှုမှုများ၏ အချိန်နှင့် တည်နေရာကို အတည်ပြုသည်။

ပုံ 25- 2021 ခုနှစ် နိုဝင်ဘာလ 1 ရက်နေ့တွင် နေရာအများအပြားတွင် မြင်တွေ့နိုင်သော ဤမီးလောင်ကျွမ်းမှု၏ နောက်ဆက်တွဲ အသီးသီး 22.705908, 93.428334 နှင့် 22.701503, 93.427879

မီးလောင်မှုများကြောင့် ရပ်ရွာလူထုများပျက်စီးခြင်း

Myanmar Witness သည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ရပ်ရွာလူထုအများအပြားကို စစ်တပ်က ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများနှင့် PDF လှုပ်ရှားမှုများကို တုံ့ပြန်တိုက်ခြင်း ဟုဆိုကာ အရပ်သားများ၏ နေအိမ်များနှင့် အခြေခံအဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှုများ၏ အစီရင်ခံချက်အများအပြားကို မှတ်တမ်းတင်ထား ပါသည်။ ဤကဏ္ဍတွင် Myanmar Witness သည် အဆိုပါလမ်းကြောင်းကို သရုပ်ဖော်သည့် အတွင်းကျကျ ဖြစ်ရပ်လေ့လာမှုနှစ်ခုကို ဆန်းစစ်ထားပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများကို မီးရှို့တိုက်ခိုက်ခြင်းဆိုင်ရာ နောက်ထပ်အစီရင်ခံစာကို ကျွန်ုပ်တို့၏ Burning Myanmar အစီရင်ခံစာတွင် တွေ့ရှိနိုင်ပါသည်။ မကြာသေးမီလများအတွင်း Myanmar Witness သည် SAC သို့မဟုတ် SAC လိုလားသော ပျူစောထီးပြည်သူ့စစ်များနှင့် ပူးပေါင်းသည်ဟု စွပ်စွဲထားသော ကျေးရွာများကို တိုက်ခိုက်ခံရသည့် အစီရင်ခံစာ အနည်းငယ်ကို မှတ်တမ်းပြုစုထားပြီး၊ စစ်တပ် သို့မဟုတ် SAC လိုလားသော ပြည်သူ့စစ် အကြမ်းဖက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် လက်တုံ့ပြန်သည့်ပုံပေါ်သည်။

မကြာသေးမီလများအတွင်း Myanmar Witness သည် စစ်ကောင်စီ သို့မဟုတ် စစ်ကောင်စီ လိုလားသော ပျူစောထီးပြည်သူ့စစ်များနှင့် ပူးပေါင်းသည်ဟု စွပ်စွဲထားသော ကျေးရွာများကို တိုက်ခိုက်ခံရသည့် အစီရင်ခံစာ အနည်းငယ်ကို မှတ်တမ်းပြုစုထားပြီး၊ စစ်တပ် သို့မဟုတ် စစ်ကောင်စီလိုလားသော ပြည်သူ့စစ် အကြမ်းဖက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် လက်တုံ့ပြန်သည့်ပုံပေါ်သည်။ ပုလဲမြို့နယ်ရှိ ဖြစ်ရပ်လေ့လာမှုတစ်ခုတွင် ၎င်းကို ပုံဖော်ပြသထားပြီး စစ်ကောင်စီ လိုလားသူများနှင့်ပတ်သက်၍ Myanmar Witness ၏ လာမည့်အစီရင်ခံစာတွင် ပိုမိုနက်ရှိုင်းစွာ စူးစမ်းလေ့လာမည်ဖြစ်သည်။

ထန်တလန်မြို့နယ်၊ ချင်းပြည်နယ် – ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစတင်၍ (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

အနှစ်ချုပ်

ချင်းပြည်နယ် ထန်တလန်တွင် အကြိမ်ကြိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း Myanmar Witness က ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့သော ထန်တလန်မြို့တစ်ဝိုက်တွင် ကြီးမားသော တိုက်ပွဲများသည် စက်တင်ဘာလဝန်းကျင်တွင် ပိုမိုပြင်းထန်လာပြီး ထိုအချိန်မှစ၍ အများစုသည် မြို့ကိုစွန့်ခွာသွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအတွင်း ထန်တလန်မြို့နယ်အတွင်း မီးလောင်မှုအသေးစိတ်အား Myanmar Witness’ Spot Report Thantlang, Chin State October 2021 တွင် ဖတ်ရှု့နိုင်ပါသည် (အစီရင်ခံစားအား တောင်းဆိုနိုင်သည်)။ ယခုအစီရင်ခံစာတွင် ပါဝင်သည့် ဖြစ်ရပ်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ထန်တလန်မြို့နယ်တွင် ထပ်မံဖျက်ဆီးခံရခြင်းအပေါ် အာရုံစိုက်ထားပါသည်။

Myanmar Witness သည် ထန်တလန်မြို့နယ်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ ရရှိနိုင်သော ဗီဒီယိုဖိုင်များကို စိစစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လအထိ ထန်တလန်မြို့နယ်တွင် အဆောက်အဦပေါင်း 1,015 လုံးခန့် သည် ပြင်းထန်စွာမီးလောင်ကျွမ်းပြီး ပြာကျသည်အထိ ပျက်စီးခဲ့ပါသည်။

ဤတိုက်ခိုက်မှုများကို မြန်မာစစ်တပ်က ကျူးလွန်ကြောင်း စစ်ကောင်စီဘက်မှ မဟုတ်သော သတင်းရင်းမြစ်များက အစဥ◌်တစိုက် ဖော်ပြလျက်ရှိပါသည်။ ဤအစီရင်ခံစာ ထုပ်လုပ်နေသည့် ကာလအတွင်း နယ်မြေဒေသများတွင် မြန်မာစစ်တပ်၏ အသုံးပြုသူဖန်တီးသည့် ဗီဒီယိုဖိုင်ကို ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ထန်တလန်မြို့နယ် တောင်ကုန်းထိပ်တွင် စစ်တပ်အခြေစိုက်စခန်းတစ်ခုကို မြန်မာမျက်မြင်သက်သေများက ယခင်က ဖော်ထုတ်တွေ့ရှိခဲ့ပြီး ယခုကာလတွင် စစ်တပ်က အသုံးပြုနေသည်ဟု သိရသည် (တည်နေရာ – 22.687342, 93.432531)။ Myanmar Witness သည် အစီရင်ခံစာ ပြုလုပ်နချိန်အတွင်း ကြည်လင်ပြတ်သားသော ဂြိုလ်တုဓာတ်ပုံများ မရှိခြင်းကြောင့် အဆိုပါ အခြေစိုက်စခန်းတွင် စစ်တပ်လှုပ်ရှားမှုရှိမရှိကို အတည်မပြုနိုင်ပေ။ (ပုံ ၂၆)။

ပုံ ၂၆- ထန်တလန်မြို့ပြင်ရှိ မြန်မာစစ်စခန်း။ အနီရောင်မျဉ်းသည် ကတုတ်ကျင်း၏ ပါရာမီတာကိုပြသသည်။ အစက်များအနီရောင်မျဉ်းသည် နောက်ထပ် စစ်ရေးအရ သိမ်းပိုက်မှု ဖြစ်နိုင်သည့် နေရာကိုပြသည်၊ အပြာရောင်အဝိုင်းသည် မီးလောင်သည့်နေရာကို ပြသည်။

အစိမ်းရောင်ကြက်ခြေခတ်သည် ယခင်အစီရင်ခံစာတွင် မြန်မာစစ်တပ် စစ်သားတစ်ဦး တည်ရှိရာ နေရာကို ပြသထားသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ချင်းပြည်နယ် ထန်တလန်မြို့၊ ထန်တလန်မြို့ မီးလောင်မှုအား ကြည့်ရှုခြင်း Myanmar Witness ၏အစီရင်ခံစာ။

အချိန်အတိုင်းအတာ

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိ Myanmar Witness က မီးလောင်မှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်အများအပြားကိုလည်းကောင်း၊ မီးလောင်ပျက်စီးမှု (ပုံ ၂၇-၃၂) အပါအဝင် ထန်တလန်မြို့နယ်တွင် သီးခြားမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်နေရာ (၂၄) နေရာအား စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါမီးလောင်မှုတွင် မြန်မာစစ်တပ်မှ တာဝန်ရှိသည်ဟု တိုင်ကြားထားသော ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ မှတ်တမ်းများကို ဧရာဝတီက ဖော်ပြခဲ့သည်။ ဒေသန္တရချင်းလူမျိုး ခုခံတိုက်ခိုက်ရေးသမား တစ်ဦး၏တွေ့ဆုံမေးမြန်းချက်အရ တပ်ဖွဲ့ဝင်များသည် မြို့လယ်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသည် (ပုံ ၂၆ တွင် ဖော်ပြထားသော စစ်အခြေစိုက်စခန်းနှင့် ကိုက်ညီသည်)။ တိုက်ခိုက်ရေးသမားများက ၎င်းတို့ပတ်ဝန်းကျင်မြေပြင်ကို ခုခံခြင်းမှကင်းဝေးစေရန်နှင့် ရဲဘော်ရဲဘက်များ သေဆုံးမှုအတွက် လက်တုံ့ပြန်ရန်အတွက် တပ်မတော်မှ အဆိုပါမီးရှို့တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြောင်း တိုက်ခိုက်ရေးသမားတစ်ဦးက ပြောကြားခဲ့သည်။

ပုံ 27: ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ မှ ၂၉ အထိ ထန်တလန်မြို့နယ်တွင်တွေ့ရှိသော သီးခြား fire hotspots ၂၄ ခု. Myanmar Witness မှ အိုင်ကွန်များထည့်သွင်း၍ တည်းဖြတ်ထားသော Google Earth မှ ဂြိုလ်တုပုံရိပ်များ။

ပုံ 28- ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မီးလောင်နေသည့် Google Earth မှရိုက်ကူးထားသော

(ထန်တလန်မြို့)၏ အတည်ပြုထားသောပုံ

ပုံ 29: ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ထန်တလန်မြို့ 22.690192, 93.432146 ဝန်းကျင်။

ပုံ 30- ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ဆိုရှယ်မီဒီယာသို့ အပ်လုဒ်လုပ်ထားသည့်ပုံများသည် နိုဝင်ဘာ ၂၄-၂၅ ကြား မီးလောင်ကျွမ်းမှု ရလဒ်အဖြစ် ထန်တလန်မြို့၏ ပျက်စီးဆုံးရှုံးမှုများကို သရုပ်ပြသည်။ အောက်တိုဘာလတိုက်ခိုက်မှု အစောပိုင်းရုပ်သံတွင် ဤအိမ်တွေသည် ပျက်စီးနေပုံမရပါဘူး။ Google Earth မှ ဂြိုလ်တုပုံရိပ်များ။

ပုံ 31- ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ခန့်မှန်းခြေအားဖြင့် 22.691378၊ 93.433846၊ ဒေသစံတော်ချိန် ၁၃နာရီ ၄၅မိနစ် အပ်လုဒ်လုပ်ထားသော ဗီဒီယိုတွင် မီးလောင်မှုဖြစ်နေသည်ကို ပြသသည်။ FIRMS ကလည်း ထိုနေ့တွင် ထန်တလန်မီးလောင်မှုကို မှတ်တမ်းတင်ထားသည်။

ပုံ 32- ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈တွင် မီးလောင်နေသည်ကို အပ်လုဒ်လုပ်ထားသောဗီဒီယို။ ဒေသစံတော်ချိန် ၁၃နာရီ ၄၅မိနစ် အချိန်ခန့် 22.691926, 93.430552 ဝန်းကျင်တွင်တည်ရှိသည်။

FIRMS ကလည်း ထိုနေ့တွင် ထန်တလန်မီးလောင်မှုကို မှတ်တမ်းတင်ထားသည်။

ပုံ 33- Sentinel Hub က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ရက် နှင့် ဒီဇင်ဘာလ ၄ ရက်အတွင်း ထန်တလန်တောင်ပိုင်း ဧရိယာအတွင်း အပြောင်းအလဲကို ပြသသည်။

Myanmar Witnessက ဒီဇင်ဘာ၄ရက်၊ ၈ရက်၊ ၁၈ရက်၊ ဇန်နဝါရီ ၃ နှင့် ဇန်နဝါရီ ၆ ရက် ထန်တလန်မြို့တွင် မီးလောင်မှု (၅)ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း FIRMS နှင့် ဆိုရှယ်မီဒီယာများမှတဆင့် ကတစ်ဆင့် စစ်ဆေးတွေ့ရှိခဲ့ပြီး မှတ်တမ်းတင်ခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် The Chin land Post မှတင်ခဲ့သော ဖေဖော်ဝါရီလ ၁ ရက်နေ့ (ပုံ 34) တွင် မီးရှို့ခံရသည်ဟု ပြောဆိုကြသည့် ထန်တလန်မြို့ကျယ်ကျယ်ပြန့်ပြန့် မီးလောင်နေသည့် ပုံများကို တင်ခဲ့သည်။

Myanmar Witness မှ ထန်တလန်မြို့ ဤရုပ်ပုံများကိုနေရာအတည်ပြု သတ်မှတ်ခဲ့သည်။ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၈ရက်နှင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂ရက်ကြားတွင် Sentinel EO သည် (ပုံ ၃၅) ဤ တည်နေရာတွင် ပျက်စီးမှုများကိုပြသသည်။

ပုံ 34- ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂ရက် 22.698573, 93.430491တွင် ထန်တလန်မြို့နယ် ပျက်စီးခြင်း

ပုံ 35: ကိုသြဒိနိတ် 22.698573 ၊ 93.430491 ဇန်နဝါရီလ ၂၈ ရက်နှင့် ၂ရက်ကြားတွင် ထန်တလန်မြို့ ပျက်စီးဆုံးရှုံးမှု။ Sentinel Hub မှ ရုပ်ထွက်နိမ့်သော ဂြိုလ်တုပုံရိပ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်နှင့် ၂၇ ရက်အတွင်း ထန်တလန်မြို့နယ်နေရာချထားရေး ကော်မတီ၏ ပြောကြားချက်အရ ထန်တလန်မြို့မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပြီး စုစုပေါင်း အဆောက်အဦ ၁၀၁ လုံးခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

ဤပြောဆိုမှုများသည် ထိုအချိန်က FIRMS ဒေတာနှင့် တိုက်ဆိုင်ပြီး အပျက်အစီးကြီးကြီးမားမား ဖြစ်ပွားခဲ့ကြောင်းအတည်ပြုရန် ဗီဒီယိုဖိုင်ကို Myanmar Witness က နေရာအတည်ပြု သတ်မှတ်ထားသည်။

ထန်တလန်မြို့နယ်နေရာချထားရေး ကော်မတီ၏ အခြားသောအစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဆက်စပ်ပုံရိပ်များကို Myanmar Witness က ခွဲခြမ်းစိတ်ဖြာပြီး ထန်တလန်မြို့ မြောက်ဘက်တွင် အဆောက်အဦ ၃၃၆ လုံး ဖျက်စီးခံရခြင်း (သို့မဟုတ်) ပျက်စီးသွားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၎င်းသည်ယခင်က မှတ်တမ်းတင်ထားခြင်းမရှိပါ။

အောက်တွင် ဤမတူကွဲပြားသော အဖြစ်အပျက်များကို ပုံဖော်ထားပါသည်။ အဝါရောင်အိုင်ကွန် များသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလမှ ပျက်စီးခြင်းကို ရည်ညွှန်းသည်။ အနီရောင်အိုင်ကွန်များသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများကို ရည်ညွှန်းသည်။ ခရမ်းရောင်အိုင်ကွန်များသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ကိုကိုယ်စားပြုသည်။ ပန်းရောင်အိုင်ကွန်များသည် ၂၀၂၂ ခုနှစ် မေလကိုရည်ညွှန်းသည်။ အညိုရောင်အိုင်ကွန်သည် အချိန်မသိ ပျက်စီးခြင်းကို ကိုယ်စားပြုသည်။ မည်သို့ပင်ဆိုစေကာမူ Google Earth သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ၎င်း၏ဂြိုလ်တုပုံရိပ်များကို ပြုပြင်မြှင့်တင်ပြီးကတည်းက ဤပျက်စီး ခြင်းမျိုး တွေ့ရသည်။ စက်တင်ဘာလမတိုင်မီက ဗီဒီယိုဖိုင်သည် ဖွဲ့စည်းပုံကို အတိအကျ မတည်ဆောက်သေး၍ အတည်မပြုနိုင်သေးပါ။

ပုံ 36- QGIS မြေပုံတွင် ထန်တလန်မြို့နယ်ရှိ အဆောက်အဦများ သိသိသာသာပျက်စီးခြင်း (သို့မဟုတ်) ကြီးမားစွာပျက်စီးနေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ခုနှစ် မေလ ၂၆ရက်နေ့အထိ ဗီဒီယိုဖိုင်ကိုအသုံးချ၍ တွေ့နိုင်သည်။ ဤမြေပုံတွင် တစ်ခုချင်းအိုင်ကွန် ၁၀၁၅ ဝန်းကျင်ရှိသည်။

ထန်တလန်မြို့ခံတွေသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ တိုက်ခိုက်မှုများစတင်ကတည်းက အဆိုပါဒေသမှ ထွက်ပြေးလာသည်ဟု သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ် (သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိမှု ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်း မရှိသော်လည်း ဒေသခံများသည် ၎င်းတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရကြောင်း အစီရင်ခံစာများကဆိုသည်။ လူ့အဖွဲ့အစည်းတစ်ခုလုံးကို လအနည်းငယ် ကြာတိုင်း ထိခိုက်စေခဲ့သည်။ ထိုဖြစ်ပျက်မှုများသည် လူမှုဘဝများနှင့် ပြန်လာနိုင်ခြေအလားအလာ ကိုပို၍ စိန်ခေါ်မှုဖြစ်သည်။

တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အောက်တိုဘာလမှစတင်၍ (တစ်စိတ်တစ်ပိုင်းစိစစ်ပြီး)

အနှစ်ချုပ်

တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အခြားနေရာများတွင် အစီရင်ခံကာလတစ်လျှောက်လုံး ပစ်ခတ်မှုများနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သို့သော်လည်း ကာပေါင်ကျရွာတွင် တိုက်ခိုက်မှုနှင့် သတင်းပေးပို့ လာသည်ကိုတွေ့ရပြီး ပျက်စီးသွားတဲ့ အဆောက်အဦတွေရဲ့ဗွီဒီယိုဖိုင်ကို လနဲ့ချီပြီးအကြိမ်ပေါင်းများစွာ တင်ခဲ့ပါတယ်။

ကာပေါင်ကျရွာသည် ရွာနှင့်အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် PDF လှုပ်ရှားမှု ဖြစ်စဥ်များရှိသောကြောင့် တပ်မတော်က ပစ်မှတ်ထားသည်ဟု သတင်းများထွက်ပေါ်နေပါသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် တန့်ဆည်တွင် ပတ်ဝန်းကျင်ဒေသများမှ လူထောင်ပေါင်းများစွာ ဒီမိုကရေစီ ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှု ပြုလုပ််ခဲ့ကြောင်း Myanmar Now က ရေးသားသည်။ အဆိုပါကျေးရွာအား ၂၀၂၁ ခုနှစ် မေလနှင့် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ထပ်မံ၍ စစ်တပ်မှ ဝင်ရောက်စီးနင်းခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ တပ်မတော်သတင်းပေးများဟုပြောဆိုကြသော ကာပေါင်ကျရွာမှအမျိုးသားနှစ်ဦးကို သတ်ဖြတ်မှု အတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။

အချိန်ဇယား

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆိုရှယ်မီဒီယာတွင် ကာပေါင်ကျရွာ မီးလောင်ခဲ့ ကြောင်း တင်ကြသည်။ FIRMS ဒေတာသည် ထိုနေ့တွင်ရွာရှိ အပူသင်္ကေတများကို ပြသသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရိုက်ယူခဲ့သော Sentinel ဗီဒီယိုဖိုင်တွင် အချို့သော အဆောက်အဦများ ပျက်စီးသွားကြောင်း ပြသခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် Guerilla Warfare K.P.K – ဒေသခံကာကွယ်ရေးအဖွဲ့မှ လွှင့်တင်ထားသော ဒရုန်းဗီဒီယိုဖိုင်တွင် Myanmar Witness က ကာပေါင်ကျရွာကို နေရာအတည်ပြုသတ်မှတ်ခဲ့ရာ [23.091879, 95.273063] တွင်တွေ့ရသည် (ပုံ 37 နှင့် 38)။ လွန်ခဲ့သည့် နှစ်လအတွင်း ရွာများ တိုက်ခိုက်ခံခဲ့ ရကြောင်း ပို့စ်များတွင်ဖော်ပြထားသည်။ ဤဗီဒီယိုဖိုင်မှာ အဆောက်အဦး ၅၃လုံးခန့် ပျက်စီးသွားပါတယ်။ တပ်မတော်က မီးရှို့ကြောက်း ပြောကြသော်လည်း အတည်မပြုနိုင်သေးပေ။

ပုံ 37: ဒရုန်းဗီဒီယိုဖိုင်မှတဆင့် ကာပေါင်ကျရွာ၏ အပျက်အစီးနေရာကို အတည်ပြု သတ်မှတ်ရာ 23.091879, 95.273063 တွင်တွေ့ရသည်။ Google Earth မှ ဂြိုလ်တုပုံရိပ်များ

ပုံ 38: ဒရုန်းဗီဒီယိုဖိုင်မှတဆင့် ကာပေါင်ကျရွာ၏ အပျက်အစီးနေရာကို အတည်ပြု သတ်မှတ်ရာ 23.094167, 95.272686 တွင်တွေ့ရသည်။ Google Earth မှ ဂြိုလ်တုပုံရိပ်များ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကာပေါင်ကျရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း ဒရုန်းမှရုပ်သံ ထပ်မံ ထွက်ပေါ်လာသည် – FIRMS ဒေတာဖြင့် ဤနေ့စွဲတွင် ထိုရွာ [23.089386, 95.277186]၌ မီးလောင်မှုဖြစ်ပွားသည့်နာရီအတွင်း မီးရှိနေကြောင်း Firmကဆိုသည်။ ဗီဒီယိုတွင်တော့ ပျက်စီးသွားသည့် အဆောက်အဦး ၁၉ခုခန့် များပြားကြောင်း တွေ့ရသည် (ပုံ 39)။

ပုံ 39- ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် ကာပေါင်ကျရွာမီးလောင်ကျွမ်းမှု။ နေရောင်ခြည်ကိုကြည့်၍ ဒီဒရုန်းဗီဒီယိုကို ညနေပိုင်းမှာ ရိုက်ကူးခဲ့တာလို့ အကြံပြုလိုပါတယ်။ ပျက်စီးသွားတဲ့ အဆောက်အဦးအရေအတွက်ကိုဖော်ထုတ်ဖို့ မီးအိုင်ကွန်အညွှန်းများဖြင့် Google Earth မှ ဂြိုလ်တုပုံရိပ်

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် KPK PDF သည် မီးလောင်နေသောရွာ၏ ဧရိယာများကို ထပ်မံပြသသည့် ဒရုန်းဗီဒီယိုကိုအတူတင်ထားသည် (ပုံ ၄၀)။ ဤဗီဒီယိုဖိုင်တွင် မီးလောင်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦ ၃၃ လုံး [23.090926, 95.273268] ရှိသည်။ ဤဗီဒီယိုဖိုင်တွင် Myanmar Witness မှ ဖော်ထုတ်ထားသော အဆောက်အဦစုစုပေါင်း ၁၀၅ခု (ပုံ 41) ခန့်အထိ ရှိလာပါသည်။ ဒီတိုက်ခိုက်မှုအတွက် စစ်တပ်က တာဝန်ရှိတယ်လို့ ပြောပေမယ့် အဲဒါကို အတည်မပြုနိုင်ပါဘူး။

ပုံ 40- ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကာပေါင်ကျရွာမီးလောင်ကျွမ်းမှု။ ပျက်စီးသွားတဲ့ အဆောက်အဦးအရေအတွက်ကိုဖော်ထုတ်ဖို့ မီးအိုင်ကွန်အညွှန်းများဖြင့် Google Earth မှ ဂြိုလ်တုပုံရိပ်

ပုံ 41- ဒီဇင်ဘာလကတည်းက တန့်ဆည် ကာပေါင်ကျကျေးရွာ ပျက်စီးမှုကို ပုံဖော်ထားသည်။ အနီရောင်သင်္ကေတများ မီးလောင်ထားသော အဆောက်အဦးများကို ညွှန်ပြပြီး အဝါရောင်သည် ပျက်စီးနေသော အဆောက်အဦးများကို ညွှန်ပြသည်။ Google Earth မှ ဂြိုလ်တုပုံရိပ်များ။

ယင်းနောက် ရက်အနည်းငယ်အကြာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ကာပေါင်ကျ PDFs သည် မြန်မာစစ်တပ်အား မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း [23.101056, 95.329888]ပြောကြားသည်။ ဆက်စပ်မီဒီယာများက မြစ်ကိုဖြတ်ကူးရန် ဖောင်များအသုံးပြုနေသည့် လူအုပ်စုကြီးတစ်စုကို ပြသထားပြီး အနီးနားရှိ တံတားမှ မီးခိုးများထွက်နေသည် (ပုံ 42)။ ဒီဗီဒီယိုဖိုင်က တံတားကို တိုက်ခိုက်ခံရကြောင်း ညွှန်ပြနိုင်ပါတယ်။ ဆက်စပ်စာသားအတွင် ကာပေါင်ကျရွာမီးရှို့ခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ဤဗီဒီယိုဖိုင်သည် ဧရိယာအတွင်း PDF များရှိနေကြောင်း သက်သေပြသည်။

ပုံ 42- Kar Paung Kya PDF မှပြောသော တံတား၏ တည်နေရာအနေအထားအရ မိုင်းဖောက်ကာ လူတစ်ဦးချင်းစီကို ပစ်မှတ်ထား၊ ဖောင်ဖြင့် မြစ်ကို ဖြတ်သည်။ Google Earth မှ ဂြိုလ်တုပုံရိပ်များ။

Myanmar Morning Post ကဲ့သို့သော စစ်တပ်လိုလားသော မီဒီယာများက PDF များသည် ဤကျေးရွာနှင့် တန့်ဆည်အနီးတဝိုက်တွင် ယေဘုယျအားဖြင့် တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟု ဆိုကြသည်။ အခြားအစီရင်ခံစာသည် ထိုဒေသတွင် အကြမ်းဖက် PDF များ လှုပ်ရှားနေကြောင်းနှင့် PDF အဖွဲ့ဝင်များသည် ၎င်းတို့၏နေအိမ်များကို မီးရှို့နေသည်ဟု တိုင်ကြားသော အဆိုပါကျေးရွာများမှအဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်းခဲ့သည်။ တွေ့ဆုံမေးမြန်း ခံရသူများထဲမှ တစ်ဦးမှာ ဒေသခံဘုန်းကြီး အမျိုးသားရေးဆရာတော် မဘသ ဦးဝါသဝနှင့် ဆက်နွှယ်သည်ဟု သိရသည်။ Myanmar Witness မှ ဖော်ထုတ်ထားသော နေရာအတည်ပြုသတ်မှတ်ထားသော ပုံများတွင် ဦးဝါသဝနှင့် အခြားဘုန်းကြီးများနှင့် တပ်မတော်သားများ (ပျူစောထီး – SAC လိုလားသော ပြည်သူ့စစ်အဖွဲ့) ဟုဆိုထားသော ဓာတ်ပုံများကို ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည်။

ပုံတွင် လက်နက်ကိုင်ဆောင်ခြင်းတွေ့ရပြီး တန့်ဆည် ရတနာကန်မြင့်တည် ဘုန်းကြီးကျောင်းတွင် ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်နေပုံကိုတွေ့ရသည်။

ပုံ 43- ဦးဝါသဝ၏ Facebook မှ ရိုက်ကူးထားသော ပုံများ နှိုင်းယှဉ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (စိစစ်ပြီး)

အနှစ်ချုပ်

မြန်မာနိုင်ငံရှိ အနောက်မြောက်ဒေသများကို စုံစမ်းစစ်ဆေးရာတွင် Myanmar Witness သည် ပျူစောထီးအဖွဲ့၏ ကြီးထွားလာမှုကို အလေးပေးဖော်ပြသည့် ပြည်တွင်းသတင်းနှင့် ဆိုရှယ်မီဒီယာများမှ သတင်းပေးပို့သည့်ပုံစံကို အသိပြုမိခဲ့သည်။ Pyu Saw Htee သည် SAC ကို လိုလားသော ဒေသန္တရ လက်နက်ကိုင် အဖွဲ့များအတွက် ယေဘုယျအသုံးအနှုန်း ဖြစ်သည်။ ၎င်းတို့သည် ထောက်ခံသူများ (သို့မဟုတ်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ အပါအဝင် ဘာသာရေး ဘားမား ဗုဒ္ဓဘာသာဝင်များ ဖြစ်ခြင်းကဲ့သို့သော ညီညွတ်သော နိုင်ငံရေး ရပ်တည်ချက် အင်္ဂါရပ်အချို့ ရှိပါသည်။ ၎င်းတို့သည် အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများကို ဖိနှိပ်ရာတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်သည်ဟု ပြောကြသည်။

Myanmar Witnessမှ မှတ်တမ်းပြုစုထားသော လူ့အဖွဲ့အစည်းများအပေါ် တိုက်ခိုက်မှုအများစုမှာ စစ်တပ်နှင့် သက်ဆိုင်သော်လည်း ပျူကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများသည် ရွာများကိုရည်ညွှန်းသည့် ဆိုရှယ်မီဒီယာတွင်အသုံးပြုသည့် စကားဖြစ်ပြီး ပျူစောထီးတို့နေထိုင် သည်ဟု ဆိုသည်။

အချိန်ဇယား

၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၀ရက် အင်းမထီးရွာ ၊ပုလဲမြို့နယ် [21.886400, 94.737136] ပျူကျေးရွာကို တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့မှ အခိုင်အမာဆိုသော်လည်း နောက်ပိုင်းတွင် ပျူစောထီးနှင့် တပ်မတော်မှမီးရှို့သွားကြောင်းသိရသည်။ ပျူစောထီးများနှင့် ရွာတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဥ် ဒေသခံPDFများက တိုက်ခိုက်ခဲ့ကြောင်း People’s Spring Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် “ပုလဲမြို့နယ်မှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကြမ်းဖက်ကောင်စီဦးဆောင်တဲ့ ပျူစောထီးသင်တန်းမတက်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး သင်တန်းသားတွေနဲ့ သူတို့ရဲ့သင်တန်းသား မိသားစုတွေကို အကြမ်းဖက်အဖွဲ့အနေနဲ့ အပြစ်ပေးလိမ့်မယ်”Myanmar Witness မှ ဖော်ပြပေးထားသည့် ထိုစာသားသည် ခြိမ်းခြောက်မှုဟု ယူဆနိုင်သည့် ပို့စ်တွင်အသုံးပြုသည့် ဘာသာစကားဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။ FIRMS data သည် ထိုနေ့တွင် ရွာ၌ အပူအမှတ်အသားများကို မှတ်တမ်းတင်ထားသည်။

ပုံ 44- ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၀ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ အင်မထီး၊ ပုလဲမြို့နယ်၏ ဂြိုလ်တုဓာတ်ပုံ

ရွာ၏ပြောပြချက်အရ PDFများတိုက်ခိုက်သောကြောင့် ပျက်စီးသွားသည်ဟုပြောသော ကျေးရွာ၏ အစိတ်အပိုင်းများကို မြင်တွေ့နိုင်သည်။ Sentinel Hub မှမြင်ရသောပုံ။

ဖေဖော်ဝါရီလအတွင်း အခြားကျေးရွာမှပြောပြချက်အရ ဇီးဖြူကုန်း- ပုလဲမြို့နယ် [21.962330၊

94.715640] ပျူစောထီးအဖွဲ့ဝင်များ နေထိုင်ပြီး သင်တန်းများရှိသည်ဟု သိရပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရပုံပေါ်သည်။ PDF လူမှုကွန်ရက်စာမျက်နှာများတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅၊ ဖေဖော်ဝါရီ ၁၆ နှင့် မတ်လ ၆ ရက်တို့တွင် ကျေးရွာတွင်နေထိုင်သော ပျူစောထီးဣှင့် လေ့ကျင့်ရေးအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟုဆိုထားသည်။ ဖေဖေါ်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အတွင်း ဤကျေးရွာအားဝင်ရောက်စီးနင်းမှုမှ ဖြစ်သည်ဟုယူဆရသည့် PDF တိုက်ခိုက်မှု အတွင်း မီးလောင်မှုဖြစ်ပွားနေသည့် ဗီဒီယိုဖိုင်ကို ဧရာဝတီမှ ထုတ်ဝေခဲ့သည်။ FIRMS ကို အသုံးပြု၍ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဤကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ မှ ၂၁အထိ ဧရာဝတီကိုကိုးကား၍ သိနိုင်သည်။ ဤရက်စွဲများကြားတွင် Sentinel သည် ရွာတွင် အများစု ပျက်စီးသွားပုံ (ပုံ ၄၅) မှတ်တမ်းတင်ထားသည်။

ပုံ 45- ဖေဖော်ဝါရီ ၁၄ နှင့် ဖေဖော်ဝါရီ ၁၉ တို့မှ ဂြိုလ်တုပုံရိပ်များ။ ထိုနှစ်ရက်အတွင်း ဇီးဖြူကုန်းပျက်စီးသွားဟန်တူသည်။ နှစ်ရက်ကြားတွင် ဖျက်ဆီးခဲ့သည်။ Sentinel Hub မှ ဂြိုလ်တုပုံရိပ်များ။

ဇီးဖြူကုန်းကို မတ်လ ၆ ရက်နေ့က တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း PDF Facebook စာမျက်နှာမှ ရေးသားချက်တွင် “ခွေး [စစ်တပ်] နှင့် ပစ်ခတ်မှုကြောင့် ရွာတဝက်ကျော် မီးရှို့ခံခဲ့ရပါတယ်။ ပျူစောထီးက ရွာကိုမီးရှို့တာလား ဒါမှမဟုတ် တိုက်ပွဲအတွင်း PDF အဖွဲ့ဝင်တွေ ရွာကို သူတို့ကိုယ်တိုင် မီးရှို့ခဲ့တာလား ဆိုတာတော့ မသေချာပါဘူး။

နှောရိုးကျေးရွာအုပ်စု ပုလဲမြို့နယ် [21.944410, 94.699508] ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် တိုက်ခိုက်ခံခဲ့ရသည်ဟု ပြောဆိုကြသည်။ FIRMS သည် ဤဧရိယာတွင် မီးလောင်မှုကိုပြသပြီး Sentinel သည် အဆောက်အဦများ ပျက်စီးနိုင်ချေများကို မှတ်တမ်းတင်ထားသည်။ ဤရွာသည် ဇီးဖြူကုန်းနှင့် ပထဝီဝင်အနေအထားအရ ဇီးဖြူကုန်းရွာနှင့်နီးပြီး မူရင်းပို့စ်က ဒီတိုက်ခိုက်မှုကို ကျူးလွန်သူတွေ၊ ဤသည်မှာ ပျူစောထီးအဖွဲ့များဖြစ်ကြောင်း ဆိုထားသည်။ ၎င်းတို့ကို တိုက်ခိုက်ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် PDF ရွာများကို တိုက်ခိုက်ခြင်းဟု ဆိုနိုင်သည်။

လူပေါင်းများစွာကို သတ်ဖြတ်ခြင်း

၂၀၂၁ ခုနှစ် မေလတွင် ကနီမြို့နယ်၊စစ်ကိုင်းတိုင်း၌ အသတ်ခံရမှုနှင့်ပတ်သက်၍ BBC နှင့် Myanmar Witness ၏ ပူးတွဲစုံစမ်းစစ်ဆေးမှုမှ ဆက်လက်လုပ်ဆောင်လျက်ရှိရာ Myanmar Witness မှ

မြန်မာစစ်တပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းခံရသူများဟု ယူဆရသည့် ထင်ရှားသော အလောင်းအများအပြားကို ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်သည့် ဖြစ်ရပ်များစွာကို ခွဲခြမ်းစိတ်ဖြာ ခဲ့သည်။ ယင်းတို့အနက်တစ်ခုစီသည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ဒေသအတွင်း တပ်မတော်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများ၏ နောက်ဆက်တွဲ အစီရင်ခံစာများဖြစ်သည်။ အနောက်မြောက်ဒေသမှာ မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလို့ စွပ်စွဲထားတဲ့ သီးခြားဖြစ်ရပ် ၃ ခုကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

– ၁၈ယောက်သေဆုံးသွားသော မြင့်သာ၊ဂန့်ဂေါမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ – ၂၀၂၁ခုနှစ် စက်တင်ဘာလ (တစ်စိတ်တစ်ပိုင်း အတည်ပြုပြီး)

– ၁၁ ယောက်သေဆုံး ဒုံးတော၊ဆားလင်းကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (အပြည့်အစုံစစ်ဆေးပြီး)

– ၆ ယောက်သေဆုံး (သစ်ဆိမ့်ကြီး)၊ဝက်လက်မြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၂ခုနှစ် ဇန်န၀ါရီ (အပြည့်အစုံ စစ်ဆေးပြီး)

Myanmar Witness သည် အခြေအနေကို စောင့်ကြည့်လေ့လာပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူအများအပြား သတ်ဖြတ်ခံရမှုများကို ပိုမိုကျယ်ပြန့်စွာ လွှမ်းခြုံနိုင်မည့် နောက်ထပ်အစီရင်ခံစာတစ်ရပ်ကို စတင်ဆောင်ရွက်လျက်ရှိသည်။ အစီရင်ခံစာ၏ ဤအပိုင်းတွင် ဂရပ်ဖစ်အကြောင်းအရာများ ပါဝင်သည်ကို သတိပြုပါ – စာဖတ်သူ၏ ဆုံးဖြတ်ချက်ကို အကြံပေးပါသည်။

မကွေးတိုင်းဒေသကြီး ဂင်္ဂေါမြို့နယ်၊ စက်တင်ဘာ – ၂၀၂၁ခုနှစ် (တစ်စိတ်တစ်ပိုင်းအတည်ပြုပြီး)

နောက်ခံ

[သတိပေးချက်- ဂရပ်ဖစ်] ဒေသခံများ၏ ပြောကြားချက်အရ စစ်တပ်၏တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀နာရီ ဝန်းကျင် မြင်သားကျေးရွာ၊ဂန့်ဂေါမြို့နယ်၊မကွေးတိုင်းဒေသကြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် ၁၁၀၀ နာရီတွင် တပ်မတော်နှင့် ဒေသခံများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တပ်မတော်မှ ရွာသို့မချဥ်းကပ်မီ မြင်သားရွာမြစ်ကမ်းတစ်ဖက်ရှိ သာလင်းရွာ၏နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။ မြင်သားရွာမှ အမည်မဖော်လိုသူ သက်သေတစ်ဦးမှ အချို့သောပုဂ္ဂိုလ်များသည် တပ်မတော်မှ မြင့်သာဘက်သို့ ဦးတည်သွားကြောင်း ကြားသိရ၍ တောခိုရာသို့ထွက်ပြေးကြပြီး အချို့မှာ ဘုန်းကြီးကျောင်းခိုကိုးရာသို့ ထွက်ပြေးသွား ကြောင်း ပြောကြားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် စုစုပေါင်း လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။ ကလေး ၁၀ ဦး၊ သက်ကြီးရွယ်အိုတစ်ဦးနှင့် လေဖြတ်သူတစ်ဦးတို့ ပါဝင်သည်။ တိုက်ပွဲဖြစ်ပြီးနောက် ပထမဆုံး ရုပ်အလောင်း ၁၇ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၂ ရက်တွင် ကုန်းရွာအနီးတွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ Myanmar Witness မှ သိမ်းဆည်းထားသည့် ဗီဒီယိုဖိုင်အချို့တွင် ဒေသခံများက တွေ့ဆုံမေးမြန်းခဲ့ရာတွင် အဆိုပါလူများသည် တရားဝင် PDF လှုပ်ရှားမှုတစ်ခုမှ မပါဝင်သော်လည်း ရွာကို အကာအကွယ်ပေးနေကြသည်ဟုဆိုကာ မြင်သားတံတားတွင် ဝင်ရောက်လာသူများကို စောင့်ကြည့်ရန် ရွာနှင့် သူခိုးများ သို့မဟုတ် ပြင်ပလူများထံမှ ကာကွယ်ရန် ရပ်စောင့်နေကြသည်ဟု ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်မြေခံ PDF များရှိသည့် သတင်းကို သိရှိရသောကြောင့် မြင်သားရွာအတွင်းသို့ တပ်များဝင်ရောက်သည့်အခါ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ရွာမှသက်သေများက တစ်စုံတစ်ရာ ပြန်လည်ချေပသည်။ ဇော်မင်းထွန်းကလည်း ရွာအနီးတွင် လူ ၅၀ ခန့်က သူတို့ကိုတိုက်ခိုက်ခဲ့ပြီး မြင်သားတွင် ရန်ငြိုးဖွဲ့ရန် အဆိုပါအဖွဲ့ဝင်များက ရိုင်ဖယ်သေနတ်များ အသုံးပြု၍ သူတို့ရဲ့သေဆုံးမှုဖြစ်ခဲ့သည်ဟု အပြစ်တင်ခဲ့သည်။ Myanmar Witness မှ စုဆောင်းရရှိထားသော Youtube အင်တာဗျူးတစ်ခုတွင် အမည်မဖော်လိုသူ သက်သေတစ်ဦးက တံတားပေါ်တွင် အစောင့်အကြပ်အဖြစ် မတ်တပ်ရပ်နေသူအချို့သည် မြင်သားတွင်အသတ်ခံခဲ့ရသူများဖြစ်ပြီး လက်လုပ်လက်နက်များ ကိုင်ဆောင်ထားသည်ဟု ပြောကြားခဲ့သည် (မူရင်းဗီဒီယိုကို တောင်းဆိုနိုင်သည်)။ ဆိုရှယ်မီဒီယာ (တောင်းဆိုချက်အရ ရနိုင်သည်) တွင် တင်ထားသော ကွယ်လွန်သူပုဂ္ဂိုလ်များ၏ ပုံရိပ်များသည် အသတ်ခံရချိန်တွင် လက်နက်ကိုင်ဆောင်နိုင်သည်ဟု ညွှန်ပြသော်လည်း ၎င်းတို့အား ခြိမ်းခြောက်ခြင်း (သို့မဟုတ်) အခြားနည်းဖြင့် ဤလက်နက်များကို ကိုင်ဆောင်ထားခြင်း ရှိ၊မရှိ မဆုံးဖြတ်နိုင်ပေ။

စိစစ်ခြင်း

Myanmar Witness သည် အရပ်သေးပြီး ကလေးဖြစ်နိုင်သည့် (ပုံ ၄၆၊ ညာဘက်အောက်ပုံ) အပါအဝင် မြင်သားတံတားအစွန်း (22.590550, 94.123050) တွင် ပြသထားသည့် အလောင်းနှစ် လောင်းပါဝင်သည့် စက်တင်ဘာ ၁၀ ရက်က DVB English ကတင်ထားသော ပုံများကို စိစစ်ခဲ့သည်။ ဤပုံသည် တံတားဘေးရှိ ၎င်းတို့၏ထိုပုံစံအတိုင်း အသတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် ကိုက်ညီပါသည်။ လက်လုပ်လက်နက်များကို ဤပုံတွင် မြင်နိုင်သည်။ စက်တင်ဘာလ (၉)ရက်နေ့က အသတ်ခံရသည်ဟုဆိုသော အလောင်း ၁၁ လောင်းခန့်၏ ရုပ်ပုံများကို Myanmar Witness က အတည်ပြုနိုင်ခြင်း မရှိပေ။ (ဂရပ်ဖစ်ဗီဒီယိုများ – တောင်းဆိုမှုအရ ရနိုင်ပါသည်။)

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ တွင် တင်ထားသောဗီဒီယိုတွင် အတည်မပြုရသေးသော ပုံများတွင် မြင်တွေ့ရသော တူညီသောအဝတ်အစားများဝတ်ဆင်ထားသည့် အလောင်းများ အပါအဝင် အလောင်း ၁၂ လောင်းခန့်ကို (ပုံ ၄၆) စုပုံထားသည်။ Myanmar Witness မှ မြင်သား၏ ဤပုံများကို နေရာသတ်မှတ်အတည်ပြုခဲ့ပြီး [22.590369၊ 94.122914] နောက်ခံတွင် တံတားနှင့်အတူ မြင်တွေ့ရသည်။ (ပုံ 46 ညာဘက်အပေါ်ပုံ)

ပုံ 46 – သာလင်း နှင့် မြင်သားရွာကို ဆက်သွယ်ထားသော မြင်သားတံတားပုံ၊ ထိုတံတားအနီးမှာ သေဆုံးသွားတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်တွေကို နှိုင်းယှဉ်ထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ ၀၆၀၀ အချိန်တွင် တပ်ဖွဲ့ဝင်များ ထွက်ခွာသွားခြင်းမပြုမီ နေအိမ် ၁၈ လုံးကို မြန်မာစစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။

Myanmar Witness မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် သက်သေပြထားသော ဗီဒီယိုဖိုင်သည် မြင်သားတွင် လောင်ကျွမ်းနေသည့် မီးလောင်မှုအား စိစစ်တွေ့ရှိခဲ့ကြောင်း၊

[22.587906, 94.117000] (ပုံ 47)

ပုံ 47: မြင်သားတွင် မီးလောင်ကျွမ်းမှုကို နေရာအတည်ပြုခြင်း။

မြင်သားတွင်ဖြစ်သည်ဟုဆိုသော နောက်ထပ်ဗီဒီယိုဖိုင်တွင် မီးလောင်ထားသော အဆောက်အဦးများကို ပြသသည် (တောင်းဆိုမှုအရ ရနိုင်သည်)။ Myanmar Witness သည် ဤဗီဒီယိုဖိုင်ကို အတည်မပြုနိုင်ပါ။ Myanmar Witness သည် အနီးနားရှိ နှမ်းခါးရွာ၊ ဂန့်ဂေါတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ က မီးလောင်မှုဖြစ်ပွားခဲ့သော ဗီဒီယိုဖိုင်ကို စိစစ်နိုင်ခဲ့ပါသည်။ (တောင်းဆိုနိုင်သည်) [22.551783, 94.084517]။

နောက်ထပ် ဗီဒီယိုဖိုင်တွင်လည်း စစ်ရေးတိုက်ခိုက်မှုအပြီး မြင်သားမှထွက်ပြေးလာသည့် ဒေသခံများကို ပြသသည်။ ဤဗီဒီယိုဖိုင်ကို အတည်မပြုရသေးပါ။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ ဒီဇင်ဘာ ၂၀၂၁ (အပြည့်အစုံစစ်ဆေးပြီး)

နောက်ခံ

[သတိပေးချက်: ဂရပ်ဖစ်] ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြန်မာစစ်တပ်မှ စစ်သားများသည် စစ်ကိုင်းတိုင်းဒေသကြီး [22.138278, 95.055861] ဆားလင်းကြီးမြို့နယ်၊ ဒုံးတောအတွင်းကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ၎င်းသည်အဆိုအရ ရွာမှမီတာ ၃၀၀ ခန့်အကွာ 22.149591၊ 95.057023 တွင်ရှိသော မြောက်ယမတံတားအနီး မုံရွာ-ပုသိမ် အဝေးပြေးလမ်းမကြီးပေါ်တွင် တပ်မတော်ယာဉ်များအား မိုင်းခွဲတိုက်ခိုက်ခံရကြောင့်ဖြစ်သည်ဟု Myanmar Now မှ သတင်းထုတ်ပြန်ထားသည်။ ဆားလင်းကြီးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ယာဉ်တန်းဗဟိုပြု စစ်ဆင်ရေးဖြစ်သည့် အလောင်းမင်းတရားစစ်ဆင်ရေးမှ ပစ်မှတ်ထားသည့် နယ်မြေတစ်ခု ဖြစ်သည်ဟု သိရသည်။ ဆားလင်းကြီးဒေသခံများသည် ဥပမာအနေနဲ့ ဤအဖြစ်အပျက်မတိုင်ခင် ရက်ပိုင်းလောက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

(၀၈၀၀) နာရီတွင် ပုသိမ်-မုံရွာ ကားလမ်းအနီးမှ တပ်မတော်သားများ ဝင်ရောက်လာကြောင်း Myanmar Now မှ ဒေသခံများအား တွေ့ဆုံမေးမြန်းချက်အရ သိရသည်။ ထို့အပြင် ဒုံးတောသည် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ ရွှေမြင့်တင်ခြံကိုဖြတ်၍ ဝင်ပေါက်ထွက်လမ်းရှိသော ရွာတစ်ခုဖြစ်သည်။ ရွာသားများနှင့် ဒေသခံ PDF ခေါင်းဆောင် (Myanmar Now and The Irrawaddy မှ သတင်းပေးပို့ချက်အရ) ရွာသား ၁၁ ဦးကို ဖမ်းဆီး၊ မီးတင်ရှို့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မီဒီယာမျိုးစုံက ဆိုရှယ်မီဒီယာတွင် တင်သည့် မီးရှို့ခံရသော ရုပ်အလောင်းများအပါအဝင် တိုက်ခိုက်မှုဗီဒီယိုက ထိုအဖြစ်အပျက်နှင့် ကိုက်ညီနေပြီး နောက်ဆက်တွဲ ရလဒ်ကို ပြသနေပါတယ်။ ဂရပ်ဖစ်ဗီဒီယိုများ – တောင်းဆိုမှုအရ ရနိုင်ပါသည်။ ဗီဒီယို၏ အသံထွက်ဆိုချက်တွင် “သူတို့ကို လက်တွေကြိုးချည်ထားတယ် ဒူးထောက်ခိုင်းပြီး သေနတ်နဲ့ပစ်ပြီး ဓားထိုးခံရတယ်။”

စိစစ်ခြင်း။

Myanmar Witness သည် အဆိုပါအလောင်းတွေ့ရှိသည့်နေရာဖြစ်သည့် ဒုန်းတောကျေးရွာ၏ အပြင်ဘက် ယာမြေ 22.142916, 95.062057 (ပုံ ၄၈) ကို စစ်ဆေးအတည်ပြုခဲ့သည်။ ဒါပေမယ့် ဒီနေရာတွင် လူတွေအသတ်ခံခဲ့ရလား၊ လက်ကို ကြိုးချည်ထားသလား၊ မီးစတင်ပြီးနောက် (သို့မဟုတ်) မစတင်ခင် အရင်က သေဆုံးခဲ့တာလား ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

ပုံ 48- နောက်ခံပုံမှ မူရင်းဒုန်းတောဗီဒီယိုကို နေရာသတ်မှတ်အတည်ပြုခြင်း

ထို့အပြင် ဒုန်းတောတွင်နေထိုင်သူ အသက် ၅၀ ကျော် ဒေါ်ဝင်းရီသည်လည်း မြန်မာစစ်တပ်ဘက်မှ ရွာအပြင်ဘက်လယ်မြေတွင် သတ်ဖြတ်ခံခဲ့ရကြောင်း ဧရာဝတီနှင့် အခြားအွန်လိုင်းတွင် ဖေါ်ပြထားသည်။ သေဆုံးသွားသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများကို စုဆောင်းထားသော်လည်း ယင်းဓာတ်ပုံများ မည်သည့်နေရာတွင်ရိုက်ခဲ့သည်ကို Myanmar Witnessက အတည်မပြုနိုင်သေးပေ။

တရားဝင် NUG တွစ်တာအကောင့်၏အဆိုအရ NUG သည် ၎င်းတို့၏အသက်အရွယ်အလိုက် မီးရှို့အသတ်ခံရသောစာရင်းကို ထုတ်ပြန်ပေးခဲ့သည်(ပုံ 49)။ အသက် (၁၈) နှစ်အောက် သေဆုံးသူ (၄) ဦးမှာ အာကာစိုး (၁၄) နှစ်၊ ဆန်းမင်းဦး (၁၇) နှစ်၊ သန်းမြင့်အောင် (၁၇) နှစ်၊ ကျော်သက် (၁၇) တို့ ပါဝင်သည်။ သေဆုံးသူအများတွင် နားပေါက်ဖောက်ထားသည့် အသက် ၁၇ နှစ်အရွယ် သန်းမြင့်အောင်မှလွဲ၍ ကျန်အများစုမှာ မီးလောင်မှုကြောင့် မည်သူမည်ဝါမမှတ်မိနိုင် အောင်ဖြစ်နေသည်ဟု Myanmar Now က ထုတ်ပြန်သည်။

ပုံ 49- ဒေသန္တရ PDF အဖွဲ့မှ NUG သို့ အစီရင်ခံထားသည့်အတိုင်း ဒုန်းတောဖြစ်ရပ်မှ သေဆုံးသူများ၏ အမည်များ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဇန်န၀ါရီ ၂၀၂၂ (အပြည့်အစုံစစ်ဆေးပြီး)

နောက်ခံ

[သတိပေးချက်: ဂရပ်ဖစ်] မြန်မာသတင်းမီဒီယာ (မဇ္ဈိမ၊ ဧရာဝတီနှင့် RFA) က ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၉ရက် ၂နာရီတွင် စစ်ကိုင်းတိုင်းမှစစ်သားများသည် ဝက်လက်မြို့နယ်ရှိ သစ်ဆိမ့်ကြီးကျေးရွာသို့ ရောက်လာပြီး ရွာသားခြောက်ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။ ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး နောက်ပိုင်းတွင် သတ်ဖြတ်ခဲ့သည်ဟု ဆိုကြသည်။ ဝက်လက် (ဝက်လက်) PDF နှင့် တပ်မတော်တို့ ဇန်နဝါရီ ၃၀ ရက်က တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်မှ ထွက်ခွာသွားပြီးနောက် အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူများအားလုံးမှာ အမျိုးသားများဖြစ်ကြောင်း ဒေသခံများက RFA မှ မေးမြန်းခဲ့ရာ ၎င်းတို့အား လက်ထိပ်ခတ် မီးရှို့ခဲ့ကြောင်း သိရသည်။ ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် ဧရာဝတီက သေဆုံးသူများမှာ မြင့်အောင် (၅၈) နှစ်၊ ထွန်းအောင် (၂၈) နှစ်၊ ကိုကိုလင်းမောင်(၂၈)၊သူရထွန်း(၂၀)၊ဇော်မင်းထွန်း(၄၃)နှင့် မင်းမင်းထွန်း(၃၅) တို့ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

စိစစ်ခြင်း။

Myanmar Witness သည် သစ်ဆိမ့်ကြီးရွာ[22.423056, 95.949964] ရွာအပြင်ဘက် မီးလောင်ထားသော ရုပ်အလောင်းများကို ပြသသည့်နေရာကို နေရာအတည်ပြုသတ်မှတ်ခဲ့သည်။ တောင်းဆိုချက်အပေါ် ဂရပ်ဖစ်ဗီဒီယိုများ – ရနိုင်သည်။ ဗီဒီယိုဖိုင်တွင် စေတီတော်၏ အထွတ်အထိပ်ကို မြင်တွေ့နိုင်သည်။ ဗီဒီယိုနောက်ခံတွင် စေတီတော်၏ အထွတ်အထိပ်ကိုမြင်ရသည်။ Myanmar Witness သည် စေတီတော်၏ထွတ်အထိပ်ကို (ပုံ 50) ဧရိယာတွင်ရှိသော အခြားသောစေတီတော်နှင့် ကိုက်ညီစေရန် Mizzima TV မှ တင်ထားသောဗီဒီယိုအဟောင်းကို ကိုးကားခဲ့သည်။ အထက်ဖော်ပြပါပုံများတွင် မြင်တွေ့ရသည့် စေတီတော်သည် 22.421225, 95.951197 သစ်ဆိမ့်ကြီးရွာ၏ အစွန်အဖျားတွင်တည်ရှိသည်။ ထိုပုံများတွင်မြင်ရသော အသွင်အပြင်သည် ထိုနေရာရှိ ဂြိုလ်တုပုံရိပ်တွင် မြင်ရသည့်အရာနှင့် ကိုက်ညီသည် (ပုံ 51)။

ပုံ 50 – မီးလောင်နေသော မြေပြင်ပုံနောက်ခံတွင် ဘုရားစေတီ။

ပုံ 51- Google Earth မှ ဂြိုလ်တုဓာတ်ပုံကို အသုံးပြု၍ စေတီတော်၏ တည်နေရာကို အတည်ပြုခြင်း။

စခန်းရှိ Sentinel-2 ဂြိုဟ်တုမှ ဓါတ်ပုံများသည် မီးလောင်ရာနေရာ၌ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သိမ်းပိုက်မှုကာလအတွင်း အစီရင်ခံတင်ပြခဲ့သည်။ Sentinel-2 ရုပ်ပုံသည် 2022 ခုနှစ် ဇန်နဝါရီ 30 ရက်နေ့တွင် မီးလောင်ဒဏ်ရာများ မပြဘဲ 2022 ခုနှစ် ဖေဖော်ဝါရီလ 4 ရက်နေ့တွင် မီးလောင်ဒဏ်ရာများ ပြသခဲ့ပြီး ထိုရက်စွဲနှစ်ခုကြားတွင် တစ်ချိန်ချိန် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြသည်။

(ပုံ ၅၂)။

ပုံ 52- Sentinel Hub မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့များတွင် ထိုတည်နေရာ၏ ဂြိုလ်တုပုံရိပ်များ။

ဒုတိယမီးလောင်ဒဏ်ရာသည် လယ်ကွင်း၏အနောက်ဘက်တွင် လမ်းဘေးရှိ တဲငယ်တစ်ခုတွင် ဖြစ်သည်။ အဆိုပါ တဲအိမ်များ၏ တည်နေရာမှ ရိုက်ကူးထားသော ဓါတ်ပုံများသည် အဆိုပါ အဆောက်အဦး မီးလောင်ပျက်စီးသွားကြောင်း ထင်ရှားသည်။ Myanmar Witness မှ စစ်ဆေးထားသော နောက်ထပ်ပုံများသည် ရွာအနီးဟုဆိုသော မီးလောင်ရာနေရာများတွင် အရိုးများဖြစ်ပုံပေါ်သည်။ ရုပ်ပုံတစ်ခုလုံးသည် ဂရပ်ဖစ်ပြရန် လွန်ကဲနေသော်လည်း ပုံသည် ပထဝီဝင်တည်နေရာ အတည်ပြုရန်ဖြစ်နိုင်သော အောက်ပါပုံ၏ နောက်ခံတွင်မြင်ရသော စေတီပုံ (ပုံ 53) ကဲ့သို့သော သီးခြားအင်္ဂါရပ်များကို ပြသပေးပါသည်။

ပုံ 53- ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆိုရှယ်မီဒီယာသို့ အပ်လုဒ်လုပ်ထားသောပုံကို (Myanmar Witness မှယူသည်)။

ဤဘုရားကို Google Maps ပုံများတွင် ထိုနေရာတွင်တွေ့မြင်ရပြီး အတည်ပြုထားသော မီးလောင်ခဲ့သည့်နေရာမှ မီတာ 500 ခန့်အကွာတွင် 22.418694၊ 95.953889 သို့ ဘူမိတည်နေရာပြနိုင်သည်။

ပုံ 54- ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆိုရှယ်မီဒီယာသို့ အပ်လုဒ်တင်ထားသော ပုံတစ်ပုံ၏ ပထဝီဝင်တည်နေရာ။

နိဂုံး

ဤအစီရင်ခံစာသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ၏ ပြင်းထန်သော အရပ်သားများ၏ သက်ရောက်မှုများကို သရုပ်ပြပါသည်။ လူမှုအသိုက်အဝန်းများ ဖျက်ဆီးခံရမှုနှင့် လူအများအပြား အကြမ်းဖက်သေဆုံးမှုဆိုင်ရာ အထောက်အထားများအပြင် မြန်မာနိုင်ငံတွင်း ပဋိပက္ခများတွင် စစ်ဘက်အလွန်အကျွံ အကြမ်းဖက်မှု၏ ပြင်းထန်သော သက်ရောက်မှုများ ကိုလည်း ပြသထားသည်။

ဤအစီရင်ခံစာတွင် မှတ်တမ်းတင်ထားသော တူညီသောအဖြစ်အပျက်များစွာကို နိုင်ငံတစ်ဝှမ်းတွင် ပိုမိုကျယ်ပြန့်စွာ မြင်တွေ့ခဲ့ရသည်။ Myanmar Witness ၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကို မီးရှို့ခြင်း၊ မိုဆိုကျေးရွာ ခရစ္စမတ်အကြို သတ်ဖြတ်မှုများ၊ ဝါဒဖြန့်ခြင်း၊ သတင်းမှား၊ ခြိမ်းခြောက်ခြင်းနှင့် ခွဲထုတ်ခြင်းတို့အတွက် လက်ကမ်းစာစောင်များ အသုံးပြုခြင်းအပြင် လူအများအပြားနှင့် SAC လိုလားသောပြည်သူ့စစ်များ သတ်ဖြတ်ခံရခြင်းဆိုင်ရာ ရှေ့လာမည့် အစီရင်ခံစာများတွင်လည်း အဆိုပါလမ်းကြောင်းများနှင့်ပတ်သက်၍ နောက်ထပ် အချက်အလက် များကို ဖော်ပြပေးထားသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်နိုင်ခြေရှိသော အထောက်အထားများကို Myanmar Witness က ဆက်လက် မှတ်တမ်းတင်ပြီး စုံစမ်းစစ်ဆေးနေပါသည်။ ဤတွေ့ရှိချက်များကို ပြီးမြောက်သည့်အချိန်နှင့် တပြေးညီ ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်တွင် ရရှိနိုင်ပါသည်။

Share Article